သိမ်းပိုက်ရရှိထားသော မြို့နယ် ၁၂ မြို့နယ်ကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားရန် TNLA စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရှိုန်းက မှာကြား
D Day News
နိုဝင်ဘာလ ၁၃
သိမ်းပိုက်ရရှိထားသော မြို့နယ် ၁၂ မြို့နယ်ကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားကြရန် TNLA စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရှိုန်းက မှာကြားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းက တအာင်းပြည်ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်သည့် တအာင်းအမျိုးသားလွှတ်မြောက်ရေး တပ်မ တော် (TNLA) ၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်း ဆင်းပွဲတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသား အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မ တော်(TNLA)၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းမှ 1027 စစ်ဆင်ရေးအတွင်း သိမ်း ပိုက်ရရှိထားသည့် မြို့နယ် (၁၂)မြို့ကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားရန် မိမိတို့ တစ်ဦးချင်း မှာ တာဝန်ရှိကြောင်း၊ မိမိလူမျိုးနှင့် အနာဂတ်မျိုးဆက်သစ်အတွက် မျိုးချစ်စိတ်ဓာတ် ထားရှိရန် လို အပ်ကြောင်း သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကား ပြောခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းဌာနမှူး ဗိုလ်မှူး တားပခူးကလည်း စစ်သားတစ်ဦး ထားရှိသင့်သည့် ရဲဘော်ရဲ ဘက်စိတ် မွေးမြူထားရှိရန်၊ မိမိလူမျိုး၊ မိမိရဲဘော်အချင်းချင်း မှန်ကန်သည့် စိတ်ထားကောင်းထား ရှိရန်၊ မိမိအထက်လူကြီးများ၏ အမိန့်နာခံမှုရှိရန် ၊ မိမိကြောင့် ပြဿနာမဖြစ်ပွားအောင် မိမိကိုယ်ကို ထိန်းသိမ်းရန်၊ တပ်သားတစ်ဦးတွင် ဖြတ်ထွန်းဉာဏ်နှင့် သွက်လက်ဖြတ်လတ်မှု ရှိရမည်ဟု မှာကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းတွင် အမှတ်စဥ်(က)နှင့် (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိက သင်ကြားပေးကာ သင်တန်းကာလ(၃)လကျော်ကြာ သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းသား စုစုပေါင်း ဦးရေ (၁၀၀၀)ကျော် တက်ရောက်ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အမျိုသမီး စစ်သင်တန်းအမှတ်စဥ် (၆၆) (ဂ) သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အမျိုးသမီး စစ်သင်တန်းဆင်းပွဲကို သင်တန်းသူ (၂၀၀) ဦးရေ ဝန်းကျင်ရှိပြီး သင်တန်းဆင်းသည့် အမျိုးသမီးစစ်မေများကို PSLF/TNLA၏ အဓိက ဌာနဆိုင်ရာဖြစ်သည့် အုပ်ချုပ်ရေးဌာန တရား ဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ဗဟိုရုံး ချုပ်နှင့် စစ်ဦးစီးချုပ်ရုံးသို့ အသီးသီးတာဝန်ခွဲပေးအပ်ခဲ့ကြောင်း သိရသည်။
အမျိုးသား အထူးတိုက်ခိုက်ရေးနှင့် အမျိုးသမီး အခြေခံစစ်သင်တန်းကာလအတွင်း သေနတ်ပစ်ထူး ချွန်သူ၊ သေနတ်တပ်ဆင်ဖြုတ် ထူးချွန်သူတို့အား ဆုချီးမြှင့်ပြီး စစ်ဆင်ရေး နှင့် စစ်ရေးပြကာလ အတွင်း အထူးတိုက်ခိုက်ရေး ထူးချွန်သည့် သင်တန်းသား/သူများကိုလည်း ဆုပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ မေလတွင် တအာင်းအမျိုးသားလွှတ်မြောက်ရေး တပ်မတော်(TNLA)၏ အခြေ ခံ စစ်သင်တန်းအပတ်စဥ် (၆၅) ကို သင်တန်းသူ/သား ဦးရေ (၁၀၀၀)ကျော် မွေးထုတ်ပေးနိုင်ခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာက ထုတ်ပြန်ထားသည်။
D Day News