Mandalay News

0 0
Read Time:2 Minute, 58 Second

ညောင်ဦးမြို့နယ်အတွင်း PDF များကို အကြာခဏ စိန်ခေါ်လေ့ရှိသူ ကူတောကျေးရွာ အုပ်ချုပ်ရေး မှူး ဇော်လင်းဦး ပစ်ခတ်ခံရပြီးသေဆုံး

 

D Day News

နိုဝင်ဘာလ ၁၃

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့ဝင်များကို အကြာခဏစိန်ခေါ်လေ့ရှိသူ ကူ တောကျေးရွာအုပ်ချုပ်ရေးမှူးဇော်လင်းဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း 21 Bagan People Defense Force ထံမှ သိရသည်။

 

နိုဝင်ဘာလ ၁၁ ရက် ည ၇ နာရီ ၄၅ မိနစ်အချိန်က ညောင်ဦးမြို့နယ်၊ ကူတောကျေးရွာ အုပ်ချုပ်ရေး မှူး ဇော်လင်းဦးကို သေနတ်ဖြင့် ၄ ချက်ပစ်ခတ်သွားရာ နေရာမှာပင်သေဆုံးသွား ကြောင်း၊ သေဆုံး သွားသော အုပ်ချုပ်ရေးမှူးအလောင်းကို ယနေ့ နိုဝင်ဘာလ ၁၂ ရက် နံနက် ၈ နာရီအချိန်အထိ မည် သူမှ လာရောက်ကောက်ယူခြင်းမရှိသေးကြောင်း သိရသည်။

သေဆုံးသူ ဇော်လင်းဦးသည် စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ပြည်သူလူထုအပေါ် ငွေညှစ်ခြင်း၊ လူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းရန် ဖိအားပေးစေခိုင်းခြင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ သန်း ခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ခြင်း၊ “မင်းတို့ ကြိုက်တဲ့ PDF ကိုခေါ် ၊ ငါအိမ်မှာ အမြဲ ရှိတယ်” ဟု မကြာခဏစိန်ခေါ်လေ့ရှိသူဖြစ်ကြောင်း သိရသည်။

 

“ညောင်ဦးမြို့နယ်၊ ကူတောကျေးရွာအုပ်ကြီး သေနတ်နဲ့ ၄ ချက်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်၊ သူ့မိန်းမကတော့ ထွက်ပြေးသွားတယ်လို့ပြောတယ်၊ သူသမီးရဲ့ ကားအောက်ကို မိုင်းထောင်ပြီး မိုင်း ထကွဲမှ တစ်ရွာလုံးသိရတာ၊ သူ့သမီးက ရဲမေပါ၊ ညောင်ဦးရဲစခန်းမှာ တာဝန်ကျနေတာ၊ တစ်မိ သားစုလုံးအကုန်မသေတာဝမ်းနည်းတယ်လို့ ရွာကလူတွေကတော့ ပြောနေကြတယ်၊ ဒီနေ့မနက် ၈ နာရီ အထိ အုပ်ကြီးအလောင်းကို လာမကောက်သေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြား သည်။

 

အလားတူ သေဆုံးသူ အုပ်ချုပ်ရေးမှူး၏ သမီးဖြစ်သူသည်လည်း ညောင်ဦးရဲစခန်းတွင် တာဝန်ကျနေ ပြီး ဒေသနေပြည်သူလူထုအပေါ် မိုက်ရိုင်းစွာဆက်ဆံကာ ညှင်းပန်းနှိပ်စက်နေသူဖြစ်ကြောင်း၊ ၎င်း၏ ကားကိုလည်း မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်သွားကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သလူထုအပေါ် အမျိုးမျိုးနှိပ်စက်ယုတ်မာနေသော အကြမ်းဖက်စစ်တပ်ထောက်တိုင်များ၊ လက်ပါးစေများကို ဆက်လက်တိုက်ခိုက်ရှင်းလင်းသွားမည် ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ ၃ – 21 Bagan People Defense Force က ထုတ် ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *