Shan State News

0 0
Read Time:3 Minute, 2 Second

နောင်ချိုမြို့လယ်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၁၁ ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိကာ ခရီးသည် ကား ၅ စီး ပျက်စီး

 

D Day News

နိုဝင်ဘာလ ၁၂

 

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဈေးရပ်ကွက်ရှိ လန်းဆန်း လက်ဖက်ရည်ဆိုင်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ခရီး သည် ကား ၅ စီးလည်း ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 

ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် နောင်ချိုမြို့၊ ဈေးရပ်ကွက်ရှိ လန်းဆန်း လက်ဖက်ရည်ဆိုင်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ လက်ဖက်ရည်ဆိုင်အတွင်းထိုင်နေကြသော ခရီးသွားပြည်သူများ၊ ယာဉ်မောင်းများ စု စုပေါင်း ၁၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိကာ ကား ၅ စီးလည်း ရစရာမရှိသည်အထိ ပျက်စီးသွား ကြောင်း သိရသည်။

“နောင်ချို မြို့လယ်ခေါင် လန်းဆန်း လက်ဖက်ရည်ဆိုင်ပေါ်တည့်တည့်ကို မအလတပ်က ပေါင် (၅၀၀) ဗုံးကြဲချ ဆိုင်ထိုင်သူ၊ ခရီးသည်၊ကားသမား အများအပြားသေဆုံးပါတယ်။ ၂၂ ယောက်ထိပြီး ၁၁ ယောက်သေတယ်၊ ၁၁ ယောက် ဒဏ်ရာရ အခြေနေပါ။ အကုန်လုံးနီးပါး ခရီးသည်နဲ့ ကားသမား တွေဖြစ်ကြပြီး နောင်ချိုသားတစ်ယောက်ပါပါတယ်။ ခရီးသည် ကား ၅ စီး ရစရာမရှိအောင် ပျက်စီး သွားပါတယ်။ ဘယ်သူ့ဘယ်ကားမှန်းမသိအောင် ပျက်စီးသွားတာပါ။ သေဆုံး သူ ထပ်တိုးလာနိုင်ပါ တယ်။” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ဖက်ရည်ဆိုင်နေရာသည် မြေကွက်လပ် ပုံ သဏ္ဍာန်ဖြစ်သွားပြီး ဘေးပတ်ဝန်းကျင်ရှိနေအိမ်များ၊ ဆိုင်ခန်းများ၊ ကားများလည်း ထိခိုက် ပျက်စီး ခဲ့ကြောင်း သိရသည်။

 

အလားတူ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်း ၆ နာရီဝန်းကျင်အချိန် နောင်ချို ရဲစခန်း၊ စျေးရပ်ကွက် နှင့် တောင်ရပ်ကွက်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ သဖြင့် ရဲစခန်းနှင့် စျေးရပ်ကွက်တွင် နေအိမ် ၄ လုံး၊ တောင်ရပ်ကွက်တွင် နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၄ ရက်နေ့ ကလည်း နောင်ချိုမြိုနယ် မြောင်ဇီးရွာတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲမှုကြောင့် နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *