မိုးကုတ်မြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှု ပြည်သူ ၉ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရ
D Day News
နိုဝင်ဘာလ ၁၂
တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၉ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထံက သိရသည်။
နိုဝင်ဘာလ ၁၁ ရက် ညသန်းခေါင်ယံအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်တွင် ဗုံး (၃) လုံးနှင့် အနောက်ပိုင်း မြို့ဦးလွင် အနီး တွင် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ မိုးကုတ်မြို့အရှေ့ပိုင်းတွင် ပြည်သူ ၄ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ မိုးကုတ်မြို့ အနောက်ပိုင်းတွင်လည်း ပြည်သူ ၅ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်သူ့ နေအိမ် (၁၀) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနက ထုတ်ပြန်ထားသည်။
မိုးကုတ်မြို့ကို တအာင်းတပ်မတော် TNLA က ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ဆင်နွှဲ၍ သိမ်းပိုက်ခဲ့ရာ ဇွန်လိုင်လ ၂၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
D Day News