0
0
Read Time:1 Minute, 15 Second
တောင်သာမြို့နယ်အတွင်း လှည့်လည်နေသော စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
D Day News
နိုဝင်ဘာလ ၁၂
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း လှည့်လည်နေသော အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Myingyan District Army -3 Taungtha Youth ထံမှ သိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့က တောင်သာမြို့ အနောက်ဘက်ရှိသော ရွာများကို လှည့်လည်နေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၂ ခုသည် တောင်သာမြို့ရှိ စွပ်ကျယ်စက်ရုံ၌ ပေါင်းဆုံစဉ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ၄၀ မမ ဗုံးသီး ၂ လုံး၊ ၆၀ မမ ဗုံးသီး ၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း – Myingyan District Army -3 Taungtha Youth နှင့် ညီနောင်မဟာမိတ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Photo – ပုံဟောင်း
D Day News