မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းကို တပ်ချိန်းရန်လာသည့် စစ်ကြောင်းအား တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး ၊ ကျောက်ရစ်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေပြီး စစ်တပ် ဗိုလ်မှူး တစ်ဦး သေဆုံး
D Day News
နိုဝင်ဘာလ ၁၀
စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းသို့ တပ်ချိန်းရန် လာသည့် စစ်ကြောင်းအား တိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း 11 Brothers Revolution Force ထံမှ သိရသည်။
နိုဝင်ဘာလ ၆ ရက်နေ့က မကွေးတိုင်း၊ ရေစကြိုမြို့မှ စက်လှေ ၃ စီးဖြင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့ နယ်ဘက်သို့ ကူးလာသော အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၃၃၁ မှ အကြမ်းဖက်စစ်သား ၆၀ ခန့် ပါစစ်ကြောင်းကို ချင်းတွင်း မြစ်ကြောင်းတနေရာတွင် အသင့်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို 11 Brothers Revolution Force ၊ ကျေးရွာတပ်ပေါင်းစု (မြောင်) ၊ မြင်းခြံ ခရိုင် တပ်ရင်း ၃ ၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊ သွေးသောက်တပ်ဖွဲ့ ၊ Royal Brother Defence Force နှင့် Wolf Brother တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ဝမ်းပျက်ဝမ်း လျှောရောဂါဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ် ဗိုလ်မှူးတစ်ဦးသေဆုံးကာ ရောဂါရနေသူများကို ရေစကြိုမြို့ဘက်သို့ ပို့ဆောင်လိုက်ကြောင်း ကိုနွေဦးမြောင်က ပြောဆိုသည်။
နိုဝင်ဘာလ ၈ ရက်နေ့က ဝမ်းပျက်ဝမ်းလျှောရောဂါရနေသူများကို ချင်းတွင်း မြစ်ကမ်း ဘေးအထိ စစ်ကြောင်းဖြင့် သယ်ဆောင်ကာ ချင်းတွင်းမြစ်ကို စက်လှေဖြင့် ဖြတ်ကျော်၍ ရေစကြိုမြို့သို့ ပို့ ဆောင်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။
D Day News