တနင်္သာရီမြို့နယ်၊ ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး စက်ကလေး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်
D Day News
နိုဝင်ဘာလ ၁၀
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး စက်ကလေး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၄ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တသ မောင်ဝေလင်းထွန်းသည် MA.2 (စက်ကလေး) သေနတ် ၁ လက်၊ ၅.၅၆ကျည် ၂၀ တောင့်၊ ကျည်ဘောက် ၁ ခုတို့ ယူဆောင်လာပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံကို အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်ရခြင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်တွင်း မတရားဖိနှိပ်ခံရခြင်းအပြင် ပြည်သူများအပေါ် စစ်သည်တော်ကျင့်ဝတ်များ ဖောက်ဖျက်၍ မတရားဖိနှိပ်သတ်ဖြတ်မှုများ လုပ် ဆောင်နေသည့်အတွက် အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သော စစ်ကောင်စီတပ်သားကို ထိုက်ထိုက်တန် တန် ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ၎င်း၏ ဆန္ဒအတိုင်း သွားလိုရာကို စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကာ လက်ရှိတွင် လုံခြံစိတ်ချရသည့်နေရာ၌ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း တနင်္သာရီ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
တနင်္သာရီတိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ၊ ပျူများ နှင့် စစ်သားများကို ထိုးစစ်ဆင် တိုက်ခိုက်သွား မည်ဖြစ်ပြီး ပြည်သူနှင့်အတူ အချိန်မီ ပူးပေါင်းကြရန် နှင့် လက်နက်နှင့်တကွ အလင်းဝင်ရောက်လာ ပါက ကောင်းမွန်စွာ စောင့်ရှောက်ပေးမည့်အပြင် ဂုဏ်ပြုဆုငွေများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။
D Day News