ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ၄ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်မှု စစ် တပ်အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦးအပြင်းအထန်ဒဏ်ရာရ
D Day News
နိုဝင်ဘာလ ၉
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ၄ ရက် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
နိုဝင်ဘာလ ၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိ ၁ ဦး၊ စစ်သား ၁ ဦးနှင့် ပျူစောထီး ၃ ဦး အ ပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်အရာရှိမှာ လက်မောင်း၊ လည်ပင်းနှင့် ခြေထောက် တစ်ဖက်ဖြတ်ထုတ်ရသည့် အနေအထား အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုဝင်လာလ ၂ ရက် နံနက် ၉ နာရီခန့်တွင် တစ်ကြိမ၊ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် တစ်ကြိမ် ၊ နိုဝင်ဘာလ ၃ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ် အဆိုပါ ဇီးဖြူကုန်းရွာရှိ ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ကင်းခေါင်းဆောင် ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ပျူစောထီးကင်းခေါင်းဆေင်မှာ နိုဝင်ဘာလ ၄ ရက်နေ့အထိ သတိမေ့မြောနေခဲ့ကြောင်း သိရ သည်။
နိုဝင်ဘာလ ၄ ရက် ညနေ ၅ နာရီအချိန်တွင်လည်း ယင်းပျူစောထီးစခန်းကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စခန်းအတွင်းရှိ အဆောက်အအုံ တစ်လုံး မီး လောင်ပျက်စီးခဲ့ကြေင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) နည်းပညာ တပ်ရင်း မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BNRA အနေဖြင့် ဇီးဖြူကုန်းရွာ အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ၏ အကျိုး စီးပွားဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်စွာ လုပ်ကိုင်နိုင်ရေးအတွက် အကောင်းဆုံးကြိုး စား ကာကွယ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
D Day News