ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ အထိုင်ချနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
D Day News
နိုဝင်ဘာလ ၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ အထိုင်ချနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မတစ်ထောင်တစ်ကောင်ဘွား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၂၉ ရက် နံနက် ၆ နာရီခန့် ၁၅ မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ရွှေဘိုမြို့အထွက် မင်း ကုန်းကျေးရွာ၊ အိုးဘိုကျေးရွာတို့မှ ထွက်လာသော အကြမ်းဖက်စစ်သား အင်အား ၁၅၀ ခန့်သည် ရွှေ ဘို ခရိုင် (ပ.က.ဖ) ဒရုန်းတပ်ဖွဲ့ ဦးဆောင်သော Fixed Wings Drone များဖြင့် ဗုံးသီး အလုံး ၃၀ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ချီပါရွာမှ ပြန်လည် ဆုတ်ခွာ သွားကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၃၀ ရက် နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ကလည်း ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့၌ အထိုင်ချထားသော အကြမ်းဖက်စစ်သားများကို Fixed Wings Drone များဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို မတစ်ထောင်(တစ်ကောင်ဘွား) ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ HIN THAR ShweBoပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ၅/မဟူရာကျွဲရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေဦး) နှင့် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
D Day News