Mandalay News

0 0
Read Time:2 Minute, 7 Second

ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့မှ ထွက်လာသော စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

D Day News

နိုဝင်ဘာလ ၉

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကား ၃ စီး ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ထံမှ သိရ သည်။

 

ယမန်နေ့ နိုဝင်ဘာလ ၈ ရက် မွန်းလွဲ ၂ နာရီကျော်အချိန်က ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့မှ ဆုံရွာဘက် သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၃ စီးကို ရွာသာအေးရွာအနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့အဖွဲ့တွေကို အလစ်လာပစ်တဲ့အဖွဲ့ကို ကျနော်တို့ဘက်က ပြန်ပြီး အလစ်ဝင်ရောက် ပစ် ခတ်ခဲ့တာဗျ။ ကျနော်တို့က ရွာသာအေးရွာအနီး ကားလမ်းမပေါ်မှာ လုံခြုံရေးဆောင်ရွက်နတာကို သတင်းသွားပေးပြီး စစ်တပ်ပါခေါ်လာခဲ့တယ်ဆိုတဲ့ သတင်းကျနော်တို့ဘက်က အရင်ရလို့ အခုလို ပစ်ခတ်နိုင်ခဲ့တာပါ။ ပစ်တာကတော့ RPG ၇ လုံး ပစ်ခတ်ခဲ့တယ်။ သူတို့ ကားအနီးတွေ မှာပဲ ကျပြီး ပေါက်ကွဲတာ။ မျက်မြင်တွေ့ရတာက ၃ ဦး ပွဲချင်းပြီးသေဆုံးတယ်။ အများအပြားဒဏ်ရာရရှိသွား တယ်။ဒ ဏ်ရာရရှိသူတွေ တင်ပြီး မြို့သာဘက်ကို ပြန်မောင်းသွားတယ်” ဟု  Zero ပြောက်ကြား တပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကြားတပ်ဖွဲ့၏ စစ်ကြောင်း ၂ ၊ စစ် ကြောင်း ၅ ၊ မြင်းခြံခရိုင်တပ်ရင်း ၆ နှင့် ဒေါင်းဘုရင်အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *