Nay Pyi Taw News

0 0
Read Time:2 Minute, 18 Second

နေပြည်တော်အေလာလေဆိပ်ကို ၁၀၇ မမ ရှော့ဒုံး ၇ လုံးဖြင့်တိုက်ခိုက်လေတပ်အရာရှိနှင့် တပ်သားအချို့သေဆုံး၊ အများအပြားဒဏ်ရာရရှိ

 

D Day News

ဧပြီလ ၁၁

 

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိနှင့် တပ်သားအချို့ထိခိုက်သေဆုံးမှုရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က နေပြည်တော်၊ အေလာ လေတပ်စခန်း အတွင်း သို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိနှင့်တပ်သားအချို့သေဆုံး ပြီး အများအပြားဒဏ်ရာရရှိကြောင်းသိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုတိုက်ခိုက်မှုသည် နေပြည်တော် အေလာလေဆိပ်သို့ ၄ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး အာ ဏာသိမ်း စစ်ကောင်စီ၏ အလုံခြုံဆုံးနှင့်အဆင့်အမြင့်ဆုံးသော လေတပ်စခန်းသည်ပင်လျှင်တော် လှန်ရေးအင်အားစုများ ၏ လက်တကမ်း ပစ်မှတ်အဆင့်သို့ ရောက်ရှိနေကြောင်း သက်သေ ပြရင်း နိုင်ငံတဝန်းတော်လှန်ရေး အရွေ့ဖြစ်စေမည့် နောက်ထပ်စစ်ရေး ပစ်မှတ်များကိုလည်း တစိုက် မတ်မတ် ဆက်လက်ပစ်ခတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

နေပြည်တော်အေလာလေဆိပ်သည် နိုင်ငံတကာလေဆိပ်ဖြစ်ပြီး နိုင်ငံ၏ ဗဟိုအချက်အချာတွင် တည်ရှိနေသဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်ရေးအတွက် အနယ်နယ် အရပ်ရပ်သို့ စစ်လေယာဥ်များ စေလွှတ်ရန် အဓိက အခြေခံရာ အဆင့်မြင့်လေတပ်စခန်း တစ်ခု ဖြစ်သည့်အပြင် စစ်ကောင်စီ အကြီးအကဲတို့၏ အခြေအနေမဟန်လျှင် ထွက်ပြေးရန် အဓိကပြေး ပေါက်လည်း ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *