0
0
Read Time:58 Second
ကဗျာကဏ္ဍ “ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သို့”
ပျိုးကြဲလက်
အာဏာရှင် သူ့အတွေးရယ်က
ခွေးစိတ်ဝင် ဗွေဖောက်လို့
ပြည်ဖျောက်တဲ့ ဖြစ်အင် ။
ထောင်ဟူသည် အစဉ်မပြတ်
လူသတ်ဖို့ထင် ။
လူကောင်းမှန်က ထောင်ထဲဝင်
နှိပ်စက်အစဉ် လူဖြစ်ရှုံး ။
အကျဉ်းစံ ပြည်သူချစ်က
ကျန်ရစ်သူ ရွှေရင်ကွဲအောင်
ထောင်ထဲကျဆုံး ။
စွမ်းအင်နဲ့ လျှပ်စစ်
ပြည်ချစ်တဲ့ ဝန်ကြီးရယ် ။
ထောင်ထဲမှာ ဘဝပေးလို့
ပြည်ရေးဆောင်တယ် ။
နိုင်ငံ့သားကောင်း ဂုဏ်ဝင့်ထည်
ထောင်ထဲမယ် ကြွေလွင့် ။
ငြိမ်းချမ်းရာ သုဂတိကောင်းမှာ
လျောင်းစက်ကြယ်ပွင့် ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် နံနက် ၉ နာရီ ၂၃ မိနစ်
D Day News