မင်္ဂလာဒုံ၊ စစ်တပ်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ဦး ဒဏ်ရာရ
D Day News
နိုဝင်ဘာလ ၈
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ နိုင်ငံရေးမှတ်တိုင်အနီးရှိ စစ်တပ်အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို ပဒေသာမိုင်းတွဲဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးဒဏ်ရာ ရရှိကြောင်း Rangoon Urban Column (RUC) ထံမှ သိရသည်။
နိုဝင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်မန္တလေး အဝေးပြေးလမ်းမဘေး၊ မင်္ဂလာဒုံ မြို့နယ်၊ နိုင်ငံရေးမှတ်တိုင်အနီးရှိ အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို ပဒေသာမိုင်း တွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထိခိုက်မှုရှိခဲ့ကြောင်း၊ ဒဏ်ရာ ရှိ သူ ၄ ဦးကို လိုင်းခန်းအတွင်းသို့ သယ်ဆောင်သွားပြီး လိုင်းခန်းအတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အော်ဟစ်ဆဲဆိုနေခဲ့ခဲ့ကြောင်း သိရသည်။
Photo – ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှု
ယင်းစစ်ရေးပစ်မှတ်သည် တပ်မိသားစုနှင့် အိမ်ထောင်သည်များနေထိုင်ရာ လိုင်းခန်းဖြစ်ပြီး လေတပ် မှ မိသားစုဝင်များလည်း နေထိုင်လျက်ရှိကြောင်း၊ ရှေ့တန်း စစ်မြေပြင်တွင် လက်နက်မဲ့ပြည်သူများ ကို ရက်စက်ကြမ်းကြုတ်နေသည့် စစ်တပ်ကို အကျဉ်းတန်သော လုပ်ရပ်များ ကျူးလွန်နေမှုများ ရပ် တန့်စေရန်အတွက် နောက်တန်းစစ်တပ် ဝန်ထမ်းအိမ်ရာကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် Rangoon Urban Column (𝐑𝐔𝐂) အနေဖြင့် ရန်ကုန်မြို့ပြစစ်ကြောင်း၏ ပထမ ဦးဆုံး ကမ်ပိန်းဖြစ်သည့် ရန်ကုန်သို့ချီ RUC A-K-ဆယ့်ခြောက်လက် ကမ်ပိန်း စတင်နေပြီး မိဘပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။
D Day News