လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး
D Day News
နိုဝင်ဘာလ ၈
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – TPLF ကထုတ်ပြန်သည်။
နိုဝင်ဘာလ ၅ ရက် နေ့လည်ပိုင်းက လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာတွင် အကြမ်းဖက် စစ် ကောင်စီတပ်များနှင့် ရဲများ စုပေါင်း၍ စခန်းချတပ်စွဲထားသော မောင်းမကန်ရဲစခန်းကို Fixed Wings ဖြင့် ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၆ ဦးထက် မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ချေမှုန်းရေးအဖွဲ့၊ TPLF Drone Team ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင် အမှတ်-၁ တပ်ရင်း) ၊ Sky Ghost Drone Force၊ ရေဖြူပကဖ တပ်ခွဲ – ၂ နှင့် နဂါးနီ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
D Day News