0
0
Read Time:1 Minute, 3 Second
ကဗျာကဏ္ဍ “ရွှေတံခါးကြီးဖွင့်ပါအုံး”
ပျိုးကြဲလက်
အာဏာဆို ချိုသလား
လာထားကွယ့် တွေ့မရှောင် ။
သေရဲရင် ထွက်ခဲ့စမ်း
ကြမ်းပြမယ့်မောင် ။
ဗိုလ်တသိုက် ချမ်းသာအောင်
သေချင်တဲ့ကောင် သေစမ်း ။
တော်လှန်သူ အောင်လံခလို့
ဝဋ်အလည် ကိုယ်စီဘဝမှာဖြင့်
ကြောက်ရလို့နွမ်း ။
သေမထူး နေမထူး
ဘဦးတို့ ဘဝလို ။
လူ့သိက္ခာ လွင့်ပါးမှ
မှားပါပေါ့ဆို ။
တပ်ပျက်မှ ငတ်ရက်ပို
စိတ်ဓာတ်အလိုလို ကျမြဲ ။
အာဏာ့ရှင် ဘဝင်အေးအောင်
ပေးဆပ်ရဆဲ ။
ဓနရှင် အလိုကျ
ကပြတဲ့ စစ်သည်တော် ။
ရောက်လေရာ သရေစုတ်တော့
ပုပ်လွန်းလို့ပေါ် ။
သူရဲကောင်းတို့ စိတ်မပျော်
ဖရဲသီးခေါ် ဝန်ထမ်း ။
ပြည့်ရင်ခွင် အရောက်မြန်းတယ်
ကမ်းလက်တို့လှမ်း ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် ညနေ ၆ နာရီ
D Day News