သရက်ချောင်းမြို့မှ မြေတင်ကားဖြင့် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
D Day News
နိုဝင်ဘာလ ၇
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့မှ ထားဝယ်ဘက်သို့ မြေတင်ကားဖြင့် ထွက်လာသော အကြမ်း ဖက်စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းညီနောင်စစ် ကြောင်းထံမှ သိရသည်။
နိုဝင်ဘာလ ၆ ရက် နံနက် ၉ နာရီ ၄၁ မိနစ်အချိန်က သရက်ချောင်းမြို့မှ ထားဝယ်မြို့ဘက်သို့ မြေ တင်ကား ၂ စီးဖြင့် လိုက်ပါလာသော အကြမ်းဖက်စစ်သားများကို သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွ ရွာနှင့် သင်းကျွန်းရွာကြားအရောက် ပြင်းအားမြင့်မိုင်း ၄ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ မြေတင်ကား တစ်စီးကို ထိမှန်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် မိုင်းထိကားသည် ခေတ္တခဏထိုးရပ်သွားပြီး လက်နက်ငယ်များဖြင့် ရမ်း သမ်းပစ်ခတ်ခဲ့ရာ မိုင်းကွင်းနှင့် ကိုက် ၂၀၀ အကွာအဝေးရှိ ထန်းရည်ဆိုင်ဖွင့်ရောင်းနေသော အမျိုးသ မီးတစ်ဦး၏ ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းညီနောင် စစ်ကြောင်း တပ်ခွဲ ၁ ရဲဘော်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့မှုအပေါ် ထပ်တူအများစွာ စိတ်မကောင်းဖြစ် ရပါကြောင်း ပြောဆိုထားသည်။
ဒေါင်းညီနောင်စစ်ကြောင်းအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောသောကြောင့် စစ်ရေး လှုပ်ရှားမှုများကို အရှိန်မြင့်ဆောင်ရွက်တော့မည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ တပ် သား၊ ပျူများနှင့် နီးစပ်သောနေရာများသို့ မဖြစ်မနေသွားရမည်ဆိုပါက စစ်ရေးသတိရှိစွာဖြင့် ဖြတ် သန်းသွားလာကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။
D Day News