စလင်းမြို့နယ်၊ တညောင်ရွာ ရဲစခန်းနှင့် လျှပ်စစ်ခွဲရုံးတို့ရှိ စစ်သားများကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး
D Day News
နိုဝင်ဘာလ ၇
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရွာ ရဲစခန်းနှင့် လျှပ်စစ်ခွဲရုံး တို့ရှိ အကြမ်းဖက်စစ်သားများကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် တညောင်ရဲစခန်းနှင့် တညောင်လျှပ်စစ်ခွဲရုံးရှိအကြမ်း ဖက်စစ်သားများကို စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စစ်ရေးစီမံချက်ဖြင့် တော်လှန်ရေး တပ်ဖွဲ့ များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တညောင်ရဲစခန်း ပတ်လည်ရှိ အတားအဆီးများကိုလည်း ဖျက်ဆီး မီးရှို့ ရှင်းလင်း နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) ၊ ရပ်ကျေး ပကဖ များ၊ မင်းဘူးခရိုင် ပကဖ၊ မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက်ဆိပ်ဖြူ တော်လှန်ရေးတပ်ဦး နှင့် Chauk Guerrilla Force (CGF) တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News