UNHCR မှ တင်သွင်းသည့် အစီရင်ခံစာသည် အမှန်ပင် ထိတ်လန့်ဖွယ်ကောင်းပြီး UNHCR သို့ ချဉ်း ကပ်ကာ နိုင်ငံတကာ အကာအကွယ် ရရှိနိုင်ရန် ကြိုးပမ်း လျက်ရှိသော်လည်း အများစုမှာ စောင့်ဆိုင်း နေရ၍ စိတ်ဒဏ်ရာများရရှိပြီး ကူကယ်ရာမဲ့နေသည်ဟု ခံစားနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန် မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆို
D Day News
နိုဝင်ဘာလ ၇
UNHCR မှ တင်သွင်းသည့် အစီရင်ခံစာသည် အမှန်ပင် ထိတ်လန့်ဖွယ်ကောင်းပြီး UNHCR သို့ ချဉ်း ကပ်ကာ နိုင်ငံတကာ အကာအကွယ် ရရှိနိုင်ရန် ကြိုးပမ်း လျက်ရှိသော်လည်း အများစုမှာ စောင့် ဆိုင်းနေရ၍ စိတ်ဒဏ်ရာများရရှိပြီး ကူကယ်ရာမဲ့နေသည်ဟု ခံစားနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
နိုဝင်ဘာလ ၆ ရက်ဒေသစံတော်ချိန် မွန်းလွဲပိုင်းက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်း ပ လျက်ရှိသော (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ အစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်း စာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) ၌ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် အပြန်အလှန် ဆွေးနွေးသည့် အစီအစဉ်တွင် ၎င်းက ထည့်သွင်းပြော ကြားခဲခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာသိမ်း မှုနှင့် စစ်အုပ်စုမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူး လွန်သည့် ရာဇ ဝတ်မှုများကို ကျူးလွန်လျက် နိုင်ငံနှင့်တစ်ဝှမ်းနေထိုင်သော အရပ်သားပြည်သူများ အပေါ် ကျူးလွန် နေဆဲဖြစ်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင် တိုက်ခိုက်မှုများကြောင့် ဆက်လက် ဖြစ် ပွားနေသော စိုးရိမ်ရသည့် ဒုက္ခသည် အကျပ်အတည်းကို အဆိုပါ အစီရင်ခံစာက ဆို့ နင့်ဖွယ်ကောင်း အောင် ထင်ဟင် ဖော်ပြထားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ်သံအမတ် ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
စစ်ကောင်စီ၏ ယုတ်ရင်းရက်စက်သော လေကြောင်းတိုက်ခိုက်မှုများ၊ မတရား ဖမ်းဆီးချုပ်နှောင် မှု များ၊ အကြမ်းဖက်မှုများနှင့် အတင်းအကျပ် တပ်သားစုဆောင်းမှုများမှ လွတ်မြောက်နိုင်ရန် ရိုဟင် ဂျာအပါအဝင် များစွာ သော မြန်မာပြည်သူများ အတင်းအကျပ် နေရပ်စွန့်ခွာနေရကာ ဝေးလံခေါင် ဖျားသော နေရာ ဒေသများ သို့တည်းမဟုတ် အိမ်နီးချင်းနိုင်ငံများနှင့် အခြား ဒေသတွင်းနိုင်ငံများတွင် ခိုလှုံ နေထိုင်နေရကြောင်း သိရသည်။
လူမှုရေးနောက်ခံ အမျိုးမျိုး ကွဲပြားကြသည့် ဒုက္ခသည် အများစုအနေဖြင့်လည်း တတိယ နိုင်ငံများ၌ နိုင်ငံရေး ခိုလှုံခွင့်နှင့် ယာယီအကာအကွယ်ပေးမှုများ လျှောက်ထားလျက်ရှိကြောင်း၊ ဒုက္ခရောက် နေ သော မြန်မာပြည်သူများအား အကူအညီပေးအပ် လျက်ရှိသော အိမ်ရှင်နိုင်ငံ အစိုးရများနှင့် ပြည်သူ များအား ကျေးဇူးတင်ရှိသည့်နည်းတူ ၎င်းတို့ အား လိုအပ်သည့် အကူအညီနှင့် စောင့်ရှောက်မှုများ ပိုမို ပေးအပ်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်းက တောင်းဆိုထားသည်။
အိမ်နီးချင်းနိုင်ငံများ၌ ပိတ်မိနေသည့် ဒုက္ခသည်များအနေဖြင့် လုံခြုံရေး အရ စိန်ခေါ်မှုများစွာ ကြုံ တွေ့နေရပြီး ပြန်လည်နေရာချထားရေး အခွင့် အလမ်းများအတွက် အပါအဝင် အခြားသော မသေ ချာ၊ မရေရာမှုများကိုလည်း ရင်ဆိုင် နေရလျက်ရှိကြောင်း၊ UNHCR သို့ ချဉ်းကပ်ကာ နိုင်ငံတကာ အကာအကွယ် ရရှိနိုင်ရန် ကြိုးပမ်း လျက်ရှိသော်လည်း အများစုမှာ UNHCR ထံမှ ပြန်ကြားမှုကို စောင့်ဆိုင်းနေရကာ စိတ်ဒဏ်ရာများရရှိပြီး ကူကယ်ရာမဲ့နေသည်ဟု ခံစားနေရကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအနေဖြင့် အိမ်နီးချင်းနိုင်ငံများတွင် ပိတ်မိနေသာ အ ဆိုပါ မြန်မာ ပြည်သူများထံသို့ ၎င်းတို့၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် ၎င်းတို့၏ အနာဂတ်နှင့် ၎င်းတို့ ကလေး ငယ်များ၏ အနာဂတ်အတွက် မည်သို့သော အားပေးစကားနှင့် အကူအညီ ပေးနိုင်မည့် သတင်း စကားများ ပြောကြားပေးနိုင်မည်ကို သိရှိလိုကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းထား မေးမြန်းထားသည်။
ရိုဟင်ဂျာများ နေရပ်သို့ ဘေးကင်းလုံခြုံ၍ ဆန္ဒအလျောက် နှင့် သိက္ခာရှိစွာ ပြန်လည်သွားရောက် နိုင်ရေးအပါအဝင် ဒုက္ခသည်အရေး ဖြေရှင်းနိုင်ရန်မှာ ပြစ်မှု ကျူးလွန်သူများကို တရား ဥပဒေ ကြောင်းအရ တာဝန်ခံမှု ရှိစေရေး၊ မြန်မာနိုင်ငံတွင် စစ်အာဏာ ရှင်စနစ်နှင့် ၎င်းတို့၏ မတရား စစ် အာဏာသိမ်းမှု ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးတို့က အဓိက သော့ချက်ဖြစ်ကြောင်းကြောင်း ထောက်ပြထားသည်။
D Day News