Magway News

0 0
Read Time:1 Minute, 49 Second

မြိုင်မြို့ပေါ်သို့ဆိုင်ကယ်ဖြင့်‌ဈေးဝယ်ထွက်လာသော ဒုရဲမှူးချစ်စမ်းမောင်နှင့်ရဲတစ်ဦးတို့ ပစ်ခတ် ခံရပြီး သေဆုံး၊ လက်နက် ၁ လက်သိမ်းဆည်းရရှိ

 

D Day News

နိုဝင်ဘာလ ၇

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ပေါ်သို့ ဆိုင်ကယ်ဖြင့် ဈေးဝယ်ထွက်လာသော ဒုရဲမှူး ချစ်စမ်း မောင်နှင့် ရဲတပ်သားတစ်ဦးတို့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက် ၆ နာရီ ၂၅ မိနစ်ခန့်က မြိုင်မြို့၏ မြောက်ဘက် ချောင်းဆုံဂိတ်မှ ဒုရဲမှူးချစ်စမ်းမောင်နှင့် ရဲတပ်သားတစ်ဦးတို့သည် မြိုင်မြို့ပေါ်သို့ ဈေးဝယ်ရန် ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးစလုံး သေဆုံး သွားကြောင်း သိရသည်။

ထိုသို့သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ Ma -3 သေနတ်တစ်လက်၊ ဆိုင်ကယ်တစ်စီးတို့သိမ်းဆည်းရရှိခဲ့ကြောင်း၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် မြို့နယ်အတွင်းနှင့် မြို့ပေါ်နေရာချို့ကို စိုးမိုးထားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရိက္ခာ ဖြတ်တောက်ထားကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တပ်ရင်း ၁ တပ်ခွဲ ၃ နှင့်အတူ Joker ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *