Bago News

0 0
Read Time:3 Minute, 43 Second

ဝေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး သီဟထွန်းက ကျေးရွာတစ်ရွာလျှင် စစ်သား ၃ ဦးပေးရန်နှင့် မပေးနိုင်ပါက တစ်ဦးလျှင် ငွေကျပ် ၆၄ သိန်းပေးရန် အတင်းအကြပ်ဖိအားပေးကောက်ခံနေ

 

D Day News

နိုဝင်ဘာလ ၇

 

ပဲခူးတိုင်း၊ ဝေါမြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူးသီဟထွန်းက ကျေးရွာတစ်ရွာလျှင် စစ်သား ၃ ဦး ပေးရန်နှင့် မပေးနိုင်ပါက စစ်မှုထမ်းတစ်ဦးအတွက် ငွေကျပ် ၆၄ သိန်းပေးရန် အတင်းအကြပ်ဖိအား ပေး ကောက်ခံနေဝေါမြို့နယ်ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ – ပကဖထံမှ သိရသည်။

 

အောက်တိုဘာလကုန်ခန့်က ဝေါမြို့နယ်အုပ်ချုပ်ရေးမှူး သီဟထွန်းက ဝေါမြို့နယ် အတွင်းရှိ ကျေး ရွာ အုပ်စု ၆၄ စုမှ အုပ်ချုပ်ရေးမှူးကို အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်းရန် အတွက် ရွာရှိ လူဦးရေ အချိုးအစားလိုက် လစဉ် အနည်းဆုံး ၁ ဦးမှ ၃ ဦးအထိ တိုးမြှင့်တောင်းခံခဲ့ကြောင်း၊ စစ်မှုထမ်းရန် လူ မပေးနိုင်ပါက စစ်မှုထမ်းရန် စုဆောင်းပေးမည့် ဒုဦးစီးမှူးအတွက် ၁ သိန်းနှင့် စစ်မှုထမ်းတစ်ဦး အ တွက် ၆၃ သိန်း တိုးမြှင့်ကောက်ခံခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့လ လကုန်အစည်းအဝေးမှာ မြို့နယ်အုပ်ချုပ်ရေးကနေ ဝေါမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၆၄ ရွာရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေခေါ်ပြီးတော့ ဒီလကစပြီးတော့ စစ်သားစုဆောင်းခ တစ် ယောက် ကို ၆၃ သိန်းပေးရမယ်။ နောက်ပြီးတော့ ငွေကောက်ခံတဲ့ ဒုဦးစီးမှူးကို တစ်သိန်းပေး ရမယ် ဆိုပြီးတော့ သူကညွန်ကြားတယ်။ ညွှန်ကြားတဲ့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက မကျေနပ် ကြဘူး။ အရင်တုန်းကတော့ ၃ လတစ်ကြိမ် စစ်သားတစ်ယောက်ပေးရမယ်။ ကျေးရွာတွေကနေ၊ အဲဒီအတွက်မပေးနိုင်တဲ့ ရွာတွေက လူတစ်ယောက်အတွက် သိန်း ၅၀ ကောက်တယ်။ ဒီလကစပြီး ကြေးနှုန်းမြှင့်လိုက်တဲ့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေတော်တော်များများက မကျေနပ်တဲ့ အ တွက် အလုပ်မလုပ်ပဲ ထွက်ဖို့ပြင်ဆင်နေကြပြီ။” ဝေါမြို့နယ်ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

 

ထိုသို့ တိုးမြှင့်ကောက်ခံမှုအပေါ် မကျေနပ်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် နှုတ်ထွက် ကြရန် ပြင်ဆင်လျက်ရှိပြီး ပြည်သူလူထုအပေါ် အတင်းအဓမ္မ စစ်သားစုဆောင်းပေးနေသူ အုပ်ချုပ် ရေးမှူးများ၊ ဌာနဆိုင်ရာများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဝေါမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖမှ သတိပေးထားသည်။

 

“အခုရွာတွေမှာက သူတို့ (စကစ) အတင်းအဓမ္မတာဝန်ပေးတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ စစ်သား လုပ်ဖို့ ဇွတ်အတင်းစုဆောင်းတဲ့ရွာသားတွေ၊ လူငယ်တွေက ထိုင်းပြေးတဲ့သူနဲ့ ရန်ကုန်ကိုပြေးတဲ့သူနဲ့ ပြေးကုန်ပြီ၊ အဲဒီတော့ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ မြို့နယ်ဝန်ထမ်းတွေ၊ မြို့နယ်အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ၊ ဌာနဆိုင်ရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အကြာခင်ကာ အတောအတွင်း အရေး ယူဆောင်ရွက်သွားမှာပါ။” ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ပြန်ကြားရေး တာဝန်ခံ က ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *