သံတောင်ကြီးမြို့နယ်၊ ကျောက်လုံးစခန်းရှေ့တွင် မော်တော်ယာဉ်များအား ဆက်ကြေးကောက် နေသော ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
D Day News
နိုဝင်ဘာလ ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကျောက်လုံးကြီးစခန်းရှေ့တွင် မော်တော်ယာဉ်များကို ဆက် ကြေးကောက်နေသည့် စစ်သားများအား သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း သံတောင် PDF တပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၃၁ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က သံတောင်ကြီးမြို့နယ်၊ တောင်ငူ-လိပ် သိုလမ်းမပေါ်ရှိ ကျောက်လုံးကြီးစခန်းရှေ့တွင် ခရီးသွားမော်တော်ယာဉ်များထံမှ ဆက်ကြေးကောက် နေသည့် အကြမ်းဖက်စစ်သားများအား သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ပစ်ခတ်မှုက ၅ မိနစ်လောက်ပဲကြာခဲ့တာပါ။ ထွက်ကောက်တာက ၃ ယောက်ပဲ၊ ကင်းပုန်းထဲမှာ တော့ ၆ ယောက်လောက်ရှိတယ်။ သေဆုံးမှုကို အတည်ပြုနေရလို့ အခုမှ ထုတ်ပြန်လိုက်ရတာပါ။ လူစိတ်မရှိတဲ့ စစ်ခွေးတွေနဲ့ တိုက်နေရတဲ့ပွဲမို့ မိဘပြည်သူတွေအနေနဲ့ အထူးဂရုစိုက်ကြပါ၊ နားစွင့် မျက်စိဖွင့်နေကြပါ တိုက်တွန်းချင်ပါတယ်” ဟု သံတောင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင်၊ တပ်မဟာ ၂ ၊တပ်ရင်း ၅ လက်အောက်ခံ People Defence Force Thandaung အဖွဲ့မှ မဟာမိတ်ရဲဘော်များနှင့်အတူ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News