ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်သားများကို တိုက်ခိုက်မှုစစ်သား ၄ ဦး သေဆုံး၊ စစ်တပ် တပ်စွဲထားရာနေရာအား နယ်မြေရှင်းလင်းစဉ် ကျည်ခွံများ သိမ်းဆည်းရရှိ
D Day News
နိုဝင်ဘာလ ၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး စစ်တပ်တပ်စွဲထားရာနေရာအား နယ်မြေရှင်းလင်းစဉ် ကျည်ခွံ များ သိမ်းဆည်းရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၂ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်မှုမထမ်း မနေရ တပ်သားသစ်များကို တပ်မ ၇၇ ၊ တပ်မ ၄၄ တို့မှ ဦးဆောင်ကာ စစ်ကြောင်းထိုးလာသည့် အင် အား ၂၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ် သား ၄ ဦးသေ ဆုံးပြီး ၈ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရစစ်သားများကို ဖောကားဖြင့် ခေါ်ဆောင်သွားပြီး အ ကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူနေထိုင်ရာ ကျေးရွာ အတွင်းရှိ ပြည်သူ့နေအိမ် ၁ လုံး၊ ဘုန်းကြီးကျောင်း ဇရပ်တစ်စောင် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို KNLA ၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ၁ နှင့် ကျေး နယ် ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေးအင်အားစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် နိုဝင်ဘာလ ၄ ရက် နံနက် အစောပိုင်းတွင် မုပ္ပလင်၊ သိမ်ဇရပ်လမ်းပိုင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သဖြင့် နိုဝင်ဘာလ ၅ ရက်နံနက်ပိုင်းတွင် တော်လှန် ရေးတပ်ဖွဲ့များက စစ်သားများ တပ်စွဲခဲ့သည့်နေရာအား နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့ရာ ၂၀၂၃၊ ၂၀၂၄ ထုတ် ကပစ ၅.၅၆ ကျည်ဖာခွံတစ်ခုနှင့် ကျည်ခွံများ၊ RPG အခွံတစ်ခု၊ မပေါက်ကွဲသေးသော ၄၀ မမ အသီး တစ်လုံး၊ စစ်ပြောက်ကျား ဖိနပ်တစ်ရံ၊၁၂၀မမ အစ တစ်ခုနှင့် ဆေးကုသထားသော ဆေးထိုးအပ်၊ဂွမ်းတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။
D Day News