Tanintharyi News

0 0
Read Time:3 Minute, 26 Second

ခမောက်ကြီးမြို့၊ အမှတ် ၄ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

နိုဝင်ဘာလ ၆

 

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အမှတ် ၄ ရပ်ကွက် (ဖောင်ဆိပ်) ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းဌေးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ကော့သောင်းမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

နိုဝင်ဘာလ ၄ ရက် ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က ခမောက်ကြီးမြို့နယ် အမှတ် ၄ ရပ် ကွက် (ဖောင်ဆိပ်) အုပ်ချုပ်ရေးမှူး အသက် ၅၂ နှစ်အရွယ် ဝင်းဌေးကို ကော့သောင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – ပကဖမှာ နေအိမ်အတွင်းဝင်ရောက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆေုံးသွား ကြောင်း သိရသည်။

သေဆုံးသူ ဝင်းဌေးသည် စစ်မှုထမ်းဥပဒေအား အကြောင်းပြ၍ ဒေသနေပြည်သူများထံမှ ငွေကြေး များ အတင်းအဓမ္မ တောင်းခံခြင်း၊ စစ်မှုထမ်းရန်အတွက် လူစုပေးခြင်း၊ သန်းခေါင်စာရင်း ကိစ္စရပ်များ တွင် အားပေးကူညီခြင်း၊ ဒေသအတွင်း ၎င်းနှင့်အဆင်မပြေသူ မည်သူ့ကို မဆို PDF အားပေးသည် ဟု အမည်တပ်ကာ အကြမ်းဖက်စစ်ကောင်တပ်ကို တိုင်တန်းခြင်း၊  တော်လှန်ရေးတပ်ဖွဲ့ သတင်း အချက် အလက်များကို စုံစမ်း၍ စစ်ကောင်စီထံသို့ သတင်းပေးပို့ခြင်းများ အစရှိသော လုပ်ရပ်များကို စိတ်ရောကိုယ်ပါ လုပ်ကိုင်ဆောင်ရွက်နေကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ သိရှိရသဖြင့် ထိုလုပ်ရပ်များကို မပြုမူရန် အကြိမ်ကြိမ်သတိပေး တားမြစ်ခံထားရ သူဖြစ် ကြောင်း သိရသည်။

 

“စကစ၊ ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ပြည်သူ့ဘက်ရပ်တည်ဖို့၊ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ အဓိက ပြောချင်တယ်။ ပြည်သူ့ဘက်ရပ်တည်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံမယ်ဆိုရင် သက်ဆိုင်ရာ လက် လှမ်းမီရာတော်လှန်ရေးတပ်ဖွဲ့တွေကို အချိန်မရွေးဆက်သွယ်ပြီးတော့ ပြည်သူ့ရင်ခွင် ခိုလှုံလို့ရပါ တယ်။ တော်လှန်ရေးအင်အားစုတွေအားလုံးကလည်း လက်ကမ်းကြိုဆိုနေပါတယ်။ ကျနော်တို့က လက်ကမ်းကြိုတယ်နော်။ သူတို့ဘက်က မရပ်တည်ဘူးဆိုရင် ကျနော်တို့က လုပ်ထုံးလုပ်နည်း အ တိုင်း လုပ်သင့်လုပ်ထိုက်တာကို အရှိန်အဟုန်မြှင့်ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ကော့သောင်းမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

သို့ဖြစ်၍ ကျန်ရှိနေသော စစ်ကောင်စီနှင့် ၎င်းတို့၏အားပေးထောက်တိုင် များ၊ ရပ်/ကျေးအုပ် ချုပ် ရေးအဖွဲ့များအနေဖြင့် ပြည်သူနှင့်အတူ ပူးပေါင်းပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြရန်နှင့် ပြည်သူ့ဘက်ရပ် တည်ခြင်းမရှိသော စစ်ကောင်စီဘက်တော်သားများ၊ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့များ၊ စစ်ကောင်စီ အားပေးထောက်တိုင်များကို အရှိန်မြှင့် ဆက်လက် ရှင်းလင်းသွားမည်ဖြစ်ကြောင်း အသိပေးထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *