NUG News

0 0
Read Time:6 Minute, 27 Second

စစ်တပ်တာဝန်ရှိသူများအနေဖြင့် ဘုံနိုင်ငံရေးရပ်တည်ချက် ၆ ရပ်ကို လက်ခံပါက အာဏာလွှဲပြောင်း နိုင်ရေး ဆွေးနွေးမည် (ရုပ်သံ)

 

D Day News

နိုဝင်ဘာလ ၆

 

စစ်တပ်တာဝန်ရှိသူများအနေဖြင့် ဘုံနိုင်ငံရေးရပ်တည်ချက်ကို လက်ခံပါက အေးချမ်းတည်ငြိမ်စွာ အာ ဏာလွှဲပြောင်းရေးအတွက် ဆွေးနွေးမည်ဖြစ်ကြောင်း NUG နှင့် K2C တာဝန်ရှိသူများက ထုတ် ဖော်ပြောဆိုသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့က ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင် အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ၊ ချင်းအမျိုးသား တပ်ဦး(CNF) တို့၏ ပူးတွဲ သတင်း စာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးဦးတည်ချက် ၆ရပ်ကို လက်ခံလာရင် စစ်ကောင်စီက လက်ခံလာရင် ဆိုတာာထက် မြန်မာ စစ်တပ် တာဝန်ရှိသူတွေက လက်ခံလာတယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ စစ်အာဏာရှင်စနစ် အဆုံး သတ်ခြင်းနဲ့ အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်း ကိစ္စရပ်များက မဖြစ်မနေ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အဲဒီအဆင့်ကို ကျော်သွားလို့ မရပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ချမှတ်ထားတဲ့ ဘုံသ ဘော ထားရပ်တည်ချက်ထဲမှာ ပါတဲ့ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ပဲပြောပြော အဓိကကျတဲ့ဟာ ချုံ့ လိုက် တဲ့ ၃ ရပ်ပဲ ဆိုဆို အဲဒီအချက်တွေကို လက်ခံလာတဲ့ မြန်မာစစ်တပ် တာဝန်ရှိသူတွေနဲ့ကျွန် တော် တို့က စကားပြောကို ပြောရမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားသည်။

 

၂၀၂၄ ဇန်နဝါရီ ၃၁ရက်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခဲ့ရာ နိုင်ငံရေး ဦးတည်ချက် ၆ရပ်ကို ဖော်ပြ ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဦးတည်ချက် ၆ ရပ်မှာ –

 

(၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံး

သတ်ရန်

 

(၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်

 

(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်

 

(၄) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်

 

(၅) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်

 

(၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေး နှင့် အသွင်ကူး

ပြောင်းရေးကာလ တရားမျှတမှုရရှိရေးလုပ်ငန်းစဉ်ဖော်ဆောင်ရန်

 

တို့ဖြစ်သည်။

 

ထုတ်ပြန်ထားသည့်ဘုံနိုင်ငံရေး ဦးတည်ချက် ၆ ရပ်အား အတိုချုံးမည်ဆိုပါက သုံးချက်သာ ရှိပြီး ပထမအချက်မှာ စစ်အာဏာသိမ်းယူမှုကို ဖယ်ရှား ပြီး စစ်တပ် နိုင်ငံရေး၌ ပါဝင်နေမှုကို အဆုံးသတ်ရန် ၊ ဒုတိယ အချက်မှာ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့ စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုရေးဆွဲရန်၊ ပဋိပက္ခ အတွင်း မတရားကျူးလွန်မှုခံနေရသူများ အတွက် တရားမျှတမှုရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ယမန်နေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။

အထက်ပါ NUG နှင့် K2C(KNU၊ KNPP၊ CNF)တို့၏ ဘုံနိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို အာဏာသိမ်း စစ်တပ်က လက်ခံလာပါက လက်ရှိတော်လှန်ရေး၏ ပထမအဆင့်ပြီးဆုံးပြီဟု ပြောရကြောင်း ဝန် ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုသည်။

 

“ဒီဦးတည်ချက် ၆ရပ်ကို လက်ခံပြီဆိုရင် ကျွန်တော်တို့ တော်လှန်ရေး ရည်မှန်းချက်က ၉၀ ရာခိုင် နှုန်းလောက် ပြီးမြောက်အောင်မြင်ပြီလို့ ဆိုလို့ရပါတယ်။ သို့သော် လည်းပဲ အနားသပ်ရမယ့် ကိစ္စ ရပ်တွေ ရှိပါတယ်။ မြန်မာစစ်တပ်က ခုနက ပြောထားတဲ့ ပဋိပက္ခအတွင်းမှာ မတရားကျူးလွန်ခံ ထားရတဲ့ လူတွေအတွက် တရားမျှတမှုပြန်လည်ဖော်ဆောင်ရေး အစီအမံကိုလည်း သူတို့လက်ခံ တယ်။ လက်ခံတယ်ဆိုရင် အခုကျွန်တော်တို့ သိနေကြတဲ့ တကယ်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ကျွန်တော်တို့နဲ့ စကားပြောမယ့် အခြေအနေမှာ မရှိတော့ဘူးလို့ပဲကျွန်တော်တို့ပြောရမှာပဲ​ဖြစ်ပတယ်။သို့သော်လည်းပဲ သူတို့ကို ခေါင်းဆောင်ပိုင်းကိုဖယ်ရှားပြီးတဲ့အခါမှာ ကျန်ရှိနေတဲ့ တာဝန်ရှိတဲ့ သူ တွေနဲ့ကတော့ အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းရေးနဲ့ နောက်တစ်ခုက ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဥ်များအတွက်က မဖြစ်မနေ တွေ့ဆုံဆွေးနွေးရမယ့် အဆင့်တဆင့် ကျန်နေ သေးတဲ့အတွက်မို့ ကျွန်တော်တို့ဘက်က ဘုံသဘောထားရပ်တည်ချက်မှာ ဒီအချက်ကို ထည့်သွင်း ထားတာ ဖြစ်ပါတယ်လို့ ဒါလေးကို အများစုက လွယ်လွယ်လေးပြောပြီး လွယ်လွယ်လေးနားလည် ထားကြတယ်လို့ မြင်နေရတဲ့အတွက်မို့ ဒါလေးကို ကျွန်တော်အနေနဲ့ ထပ်ဖြည့်ပြီး အနုစိတ် တင်ပြတာဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က ဖြည့်စွက်ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *