0
0
Read Time:55 Second
ကဗျာကဏ္ဍ “ရုန်းထွက်ချိန်တန်ပြီ”
ပျိုးကြဲလက်
တပ်မတော် သားရယ်က
ပြည်ခြားရန် ကာကွယ်ရာ
တို့ပြည်သာမှာ
စစ်ခင်းလာ ပြည်သူအများကိုလ
ရန်သူအလား အမျက်ပို
အာဏာကို မက်တဲ့အချိန်မို့ရယ်လေး ။
ငယ်စဉ်ကမူ
တပ်မတော်သား
ယောက်ျားဇာနည် ဘာမထီရယ်လို့
တည်ကြည်ခန့်ငြား
အားအလွန် ကျခဲ့မိပါရဲ့
စစ်သားဘဝ ကိုယ်တိုင်ရလျှင်
တပ်ပျက်က ရှေးထက်ပို
အထက်ကိုဖား အောက်ကိုဖိ
မြင်မိသမျှလေးစားစရာ ဘယ်မရှိပါဘု
အရာရှိက တိုက်ဆောက်သလို
ရဲဘော်ဆို ဂျိုင်းထောက်ကိုယ်စီနဲ့
ရွှေပြည်ဝယ်သရေပျက်တယ်
ရုန်းထွက်ကွယ့်လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် ည ၈ နာရီ ၂၇ မိနစ်
D Day News