Shan State News

0 0
Read Time:2 Minute, 21 Second

နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှု ကြောင့် နေအိမ်အများအပြားပျက်စီး

 

D Day News

နိုဝင်ဘာလ ၅

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာန ထံက သိရသည်။

 

နိုဝင်ဘာလ ၄ ရက် နံနက်အစောပိုင်း ၃ နာရီအချိန်တွင် တစ်ကြိမ်၊ ညနေ ၄ နာရီ ၃၇ မိနစ်တွင် တစ် ကြိမ် နှင့် ညနေ ၄ နာရီ ၃၉ မိနစ်တွင် တစ်ကြိမ် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ အ နောက်ဘက်ခြမ်းရှိ ဒေသပြည်သူများ၏ နေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့၊ နံနက်ပိုင်း ၁၀ နာရီမှ  ၁၁ နာရီခွဲထိ ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသည့် အ ကြမ်းဖက် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးအလုံးရေ ၂၀ လုံးကျော် ကြဲချ တိုက်ခိုက်မှုကြောင့် ဆမ္မ ဆယ်ကျေးရွာရှိ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုအပြင် နိုဝင်ဘာလ ၃ ရက်နေ့တွင်လည်း ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်မှ ပြည်သူများကို ဦး တည်၍ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆမ္မဆယ်ကျေးရွာ ဒေသခံနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့တွင် နောင်ချိုမြိုနယ် ဘူတာရပ်ကွက် ၅ ကတ္တီပင်ဘုန်းကြီးကျောင်း အနီးတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၇ လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *