ကဗျာကဏ္ဍ “ပြည်သူ့ရင်ခွင်”
ပျိုးကြဲလက်
အနေစုတ်ပါဘိ
လူယုတ်ရဲ့အောက်မှာ ။
စားဖို့ရာ နယ်တရိုးဆီက
ခိုးဆိုးတိုက်ကာ ။
မိုက်ရဘိ ဗရချာ
လားရာမှာ ငရဲ ။
ကြာလာရင်
အာဏာရှင်စစ်ဗိုလ်ယုတ်ကို
ချောင်းကုပ်လို့ဆဲ ။
လူယုတ်တွေ ပုန်ကန်ထလို့
အာဏာက ပြည်ဖျက်လို ။
ချိုမြမြ ပျားရည်စက်
ဓားသွားထက်ခို ။
ပြည့်ရဲမက် အသက်တို
အိမ်ထောင်ပြို ဘဝပျက် ။
စစ်သည်တော် သူပုန်ဖြစ်အောင်
လူညစ်တို့ဖျက် ။
အခြေနေ အရပ်ရပ်
ဆက်စပ်လို့ တွေးဆလျှင် ။
ခိုဝင်ရာ သည်လူထုရဲ့
ပြည်သူ့ရင်ခွင် ။
သူငယ်ချင်းတို့ ဉာဏ်နဲ့ပင်
ဆင်ခြင်ကာ ဝေခွဲ ။
အာဏာ့ရှင် စရိုက်ကြမ်းကို
လမ်းခွဲကာ ကိုယ်တိုင်လျှောက်မှ
ရောက်ကြမှာပဲ ။
ပြည်သူသာ အမိအဖ
ချစ်စရာ့ တို့မြို့ရွာ ။
ပြည့်ရင်ခွင် လှမ်းခဲ့ပါ
ကမ်းလက်စုံစွာ။
နွေးထွေးလို့ ဖော်ရွေမှာ
ဂုဏ်ယူစွာ ကြည်နူး ။
ပြည်သူကို တကယ်ချစ်ရင်
ကူးဖြစ်အောင်ကူး ။ ။
ပျိူးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် ညနေ ၄ နာရီ ၇ မိနစ်
D Day News