ညောင်ရွှေမြို့နယ်၊ လွယ်လုံကျေးရွာအတွင်း ပစ္စည်းများ ဝင်ရောက်ခိုးယူနေသည့် စစ်တပ်နှင့် PNO ပူးပေါင်းစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရပြီး PNO တပ်ခွဲမှူး ဗကခွန်သိန်းဇော်အပါအဝင် ၅ ဦးသေဆုံး
-
စစ်တပ် ၊ PNO ပူးပေါင်းတပ်ဖွဲ့ဝင်များက မသန်စွမ်းအဖိုး ၂ ဦးကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက်ကာ ကြွပ်ကြွပ်အိတ်များဖြင့် ထုပ်ပြီး နေအိမ်ပေါက်ဝများ၌ ချိတ်ဆွဲ
D Day News
နိုဝင်ဘာလ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဘန့်ပြင်အုပ်စု၊ လွယ်လုံကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ဝင်ရောက်ခိုးယူနေသည့် အကြမ်းဖက် စစ်သား၊ PNO ပြည်သူ့စစ်များကို တော်လှန် ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ PNO ပြည်သူ့စစ်အဖွဲ့မှ ဗက ခွန်သိန်းဇော် အပါ အဝင် ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
နိုဝင်ဘာလ ၁ ရက်နေ့က ညောင်ရွှေမြို့နယ်၊ ဘန့်ပြင်အုပ်စု၊ လွယ်လုံကျေးရွာအတွင်းရှိ ပြည်သူပိုင် ဆိုင်ကယ်များ၊ ပဲ၊ ပြောင်းများ ဝင်ရောက်ခိုးယူနေစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ PNO ပြည်သူ့စစ်မှ တပ်ခွဲမှူး ဗကခွန်သိန်းဇော် ၊ ခွန်မောင်ရွေး၊ ခွန်ရဲအောင် တို့အပါ အဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ပြည်သူတွေရဲ့ ပြောင်းတွေ၊ ဆိုင်ကယ်တွေ ဝင်ခိုးနေတဲ့အချိန် ဒရုန်းနဲ့ဗုံးချတာ၊ စကစ လက် အောက်ခံ PNO ပြည်သူ့စစ် ဗိုလ်ကြီးခွန်သိန်းဇော်၊ ခွန်မောင်ရွေး၊ ခွန်ရဲအောင်နဲ့ ကျန်တဲ့နှစ်ယောက် က နာမည် မသိရဘူး။သူတို့သေတာ။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
အကြမ်းဖက်စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်များသည် လွယ်လုံကျေးရွာ အတွင်းရှိ လေဖြတ်နေသူ အသက် ၆၅ နှစ်အရွယ် ဦးစိန်နှင့် သူငယ်ပြန်နေသူ အသက် ၆၄ နှစ်အရွယ် ဦးနန္ဒတို့ ကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းပိုင်းများ ခုတ်ထစ်ဖြတ်တောက်ကာ ကြွပ်ကြွပ်အိတ်များဖြင့် ထည့်ပြီး ပြည်သူ့နေအိမ်များတွင် ချိတ်ဆွဲထားခဲ့ကြောင်း၊ ထို့ပြင် ပြည်သူပိုင် ဆိုင်ကယ်အစီး ၃၀ ခန့် နှင့် ပဲ၊ ပြောင်းများကိုလည်း ကားဖြင့် သယ်ယူသွားကြောင်း သိရသည်။
“ပြည်သူ ၂ ဦးကိုလည်း ရက်ရက်စက်သတ်သွားတာမှန်ပါတယ်။ ပြီးခဲ့တဲ့ တစ်လကျော်ကလည်း အဲဒီ လွယ်လုံနားက ရွာတစ်ရွာကို စကစနဲ့ PNO တွေက သစ္စာဖောက်ရွာလို့ စွပ်စွဲပြီး မီးရှို့ဖျက်ဆီးသွား တယ်၊ ရွာနာမည်က သောင်းစိန်ရွာပါ၊ အိမ်ခြေ ၂၀ ကျော်ရှိတဲ့ လီဆူတိုင်းရင်းသားရွာလေးပါ၊ လေ ကြောင်းကနေလည်း ဗုံးကျဲနေတာတွေရှိပါတယ်၊ ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူး၊ စကစနဲ့ PNO တွေက အဲဒီဒေသမှာ ရှိနေသေးလို့ ပြည်သူတွေလည်း ထွက်ပြေးနေကြရလို့ပါ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက် ည ၈ နာရီခန့်ကလည်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် စန့်စွဲ့ရွာဘုန်းကြီးကျောင်းနှင့် တောင်ကုန်းပေါ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
D Day News