နတ်တလင်းမြို့နယ်၊ ပျဉ်ပုံရွာမှ ပျူစောထီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
D Day News
နိုဝင်ဘာလ ၄
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံပျူစောထီးရွာမှ ပျူစောထီးတစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F ထံမှ သိရသည်။
နိုဝင်ဘာလ ၂ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် နတ်တလင်းမြို့နယ်၊ ပျဉ်ပုံပျူစောထီးရွာမှ ပျူစောထီး ချစ်ပိုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာဝတီခရိုင်၊ အမှတ် ၁ တပ်ရင်း (P23801) ၊ တပ်ခွဲ-၂ (Phoenix DF) မှ ရဲဘော်များက သွားရောက်ဖမ်းဆီး စစ်ဆေးမေးမြန်းကာ ခေါ်ဆောင်လာချိန် ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူပျူစောထီး ချစ်ပိုသည် တပ်ရင်း -၃၈၀၁ ထိန်းချုပ် နယ်မြေအတွင်း စိမ့်ဝင်ထိုး ဖောက်နေ ထိုင်ကာ တပ်လှုပ်ရှားမှုများကို အကြမ်းဖက် စစ်တပ်ထံ ပြန်လည်သတင်းပေးပို့ခြင်း၊ ၎င်း၏မိသားစု ဝင်များမှာလည်း အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများ အဖြစ် ဝင်ရောက်လုပ်ကိုင်နေကြသူ များ ဖြစ်ကြောင်း သိရသည်။
“သူတို့က ဖမ်းဆီးစစ်ဆေးတဲ့အချိန်မှာ သူကိုယ်တိုင်က ပျူဖြစ်ပြီးတော့ သူ့မိသားစုဝင်တွေက လည်း စစ်သား၊ ရဲ၊ ပျူတွေဖြစ်နေတာကို ထပ်မံစစ်ဆေးသိခဲ့ရတယ်။ သူ့အိမ်ကို ဝင်ဖမ်းခဲ့တာပါ၊ နေအိမ်နဲ့ မလှမ်းမကမ်းအရောက်မှာ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရင်း သေသွားပါတယ်” ဟု နတ်တလင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်သူကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်သား၊ ရဲ ၊ ပျူစောထီးများနှင့် ဒေါက်တိုင်များကို အခါ အခွင့်သင့်ရင် သင့်သလို တိုက်ခိုက်မည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ထိခိုက်မှုမရှိစေရန် ၎င်းတို့ အနီး သွားလာ လှုပ်ရှားခြင်းမပြုကြရန် အသိပေးထားသည်။
D Day News