Sagaing News

0 0
Read Time:2 Minute, 15 Second

ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာအတွင်း တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

D Day News

နိုဝင်ဘာလ ၄

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကြောင်လက်သည်း LPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၃ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေး ရွာအတွင်း အထိုင်ချတပ်စွဲထား‌သော အကြမ်းဖက်စစ်သားများသည် ရွာတော်ဘက်အထွက် လေး လမ်းဆုံနှင့် မီတာ ၂၅၀ အကွာ အဝေးရှိ တံခါးပေါက်အား ပိတ်ရန် လာရောက်စဉ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တံခါးပိတ်ရန် လာရောက်သည့် စစ်သားများအနက် ၃ ဦးသေဆုံးသွားကြောင်း သိရသည်။

“အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့တာ ၁ နာရီလောက်ကြာခဲ့တယ်၊ ကျနော်တို့က ကင်းပုန်းယူပြီး တံခါး လာပိတ်တဲ့ ၂ ဦးကို အရင်ဆုံးဖြုတ်လိုက်တာ၊ နောက်တိုး ၅ ဦးလည်း ပြေးပြေးလွှာလွှားဖြစ်သွားပြီး တော့ တစ်ဦးထပ်သေတာ၊ သူတို့မှာ ၄၀ မမ၊ ၆၀ မမပါတယ်။ ပြီးတော့ ၃ ထပ်တိုက်ပေါ်ကနေလည်း ငါးကြင်းနဲ့ ကုတ်တယ်။ ကျနော်တို့ဘက်ကလည်း အင်အား ၇၀ လောက်နဲ့သွားတာ။ ငါကြင်းသမား ကို ၂၀ လောက်ဖိပြီးတော့ ကျန်တဲ့သူတွေက နောက်တိုးထပ်လာမယ့်သူတွေကို ထောက်ထားတာ၊” ဟု ကြောင်လက်သည်း LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွာသာကြီးတိုက်နယ် ကြောင်လက်သည်း ဦးဆောင်သောအဖွဲ့နှင့် မဟာမိတ် အဖွဲ့များဖြစ်သည့် မီးတောက် Local pdf ၊ တွေ့မရှောင် Local အဖွဲတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *