Bago News

0 0
Read Time:1 Minute, 42 Second

ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာ၌တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး လက်နက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

နိုဝင်ဘာလ ၄

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်များကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသက ထုတ်ပြန်သည်။

 

နိုဝင်ဘာလ ၁ ရက်နေ့က ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေ ဆုံးပြီး G3 အမျိုးအစား သေနတ် ၁ လက်၊ G3 ကျည် ၁၇၄ တောင့်၊ G3 ကျည်ဘောက် ၃ ခု၊ ကိုးလုံး ကျည် ၂၉ တောင့် နှင့် အခြားလက်လုပ်သေနတ်များကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒို တပ်ရင်း ရိုးမ ၂ စစ်ကြောင်းနှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

တိုက်ပွဲပြီးသွားပြီးနောက် အထိနာသွားသော စစ်ကောင်စီတပ်က ဆင်ရိုးခင်ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *