Magway News

0 0
Read Time:2 Minute, 6 Second

ပခုက္ကူမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို Rocket လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

 

D Day News

နိုဝင်ဘာလ ၄

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာနှင့် ကိုးပင်ကျေးရွာကြားရှိ ရေနံချက်စက်ရုံ အနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ရော့ကတ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Cobra One Pakokku တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၂ ရက် နံနက် ၅ နာရီခန့်က အင်အား ၁၀၀ ခန့်ဖြင့် ပခုက္ကူမြို့နယ်၊ ချောက် ကန်ကျေးရွာရွာမှ အနောက်တောင်ဘက်တောထဲသို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာကြောင်း သတင်းရရှိသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် တိုက်ခိုက်ရန် အသင့်စောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။

ထိုသို့ စောင့်ဆိုင်းနေသော်လည်း အကြမ်းဖက်စစ်သားများမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှိရာ ဘက်သို့ ရောက်ရှိလာခြင်းမရှိပဲ အင်ပင်ကျေးရွာနှင့် ကိုးပင်ကျေးရွာကြားဘက်သို့ ထွက်ခွာသွား သဖြင့် ရေနံချက်စက်ရုံအနီးအရောက် Rocket လက်နက်ကြီးဖြင့် ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် ယာခင်း ၂ အကွာလောက်၌ ကျရောက်ပေါက်ခဲ့သည်ဟု ဆို သည်။

 

ရော့ကတ်လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီးနောက် အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် အထည် ချုပ်စက်ရုံအတွင်းသို့ ဝင်ရောက်သွားကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို COBRA ONE Pakokku နှင့် အခြားသော မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းအနီးသွားလာနေထိုင်ခြင်းမပြုကြရန် မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *