Poem

0 0
Read Time:1 Minute, 40 Second

ကဗျာကဏ္ဍ “စ-စ်-‌ေ-ခွ-း ဘဝရုန်းထွက်ကြ”

 

ပျိုးကြဲလက်

 

ဟေ့သူငယ်ချင်း ၊ စိတ်မှာရှင်းရှင်း

မင်းတွေးကြည့်စမ်း ၊ လျှောက်ရာလမ်းမှာ

တို့ရမ်းသမျှ ၊ ကြမ်းသမျှကို

မိဘပြည်သူ ၊ ခါးစည်းမူ၍

ခံယူဖိစီး ၊ သောကမီးသည်

ပြည်ကြီးအနှံ့ပါတကား ။

 

ငါတို့စစ်သား ၊ သစ္စာထားသည့်

ပြည်ခြားရန်စွယ် ၊ မကာကွယ်ဘဲ

ပျက်ပြယ်စည်းပေါက် ၊ သစ္စာဖောက်၍

လောက်-‌ေ-က-ာ-င် အလား ၊ ပြည်သူများကို

သတ်ထားခဲ့ပြီးပါတကား။

 

ပြည်သူကပေး ၊ ပြည်သူကျွေးသည့်

ချွေးနည်းစာပါ ၊ တို့လစာနှင့်

ရိက္ခာကိုစား ၊ အားမာန်ပွါးက

ထောင်ထားပုန်ကန် ၊ ကျေးစွက်ပြန်၍

မြေလှန်မီးရှို့ခဲ့ပါတကား ။

 

မင်းတို့အမျိုး ၊ ငါ့အမျိုးကို

ဆိုးမိုက်စုံလင် ၊ ‌ေ-ခွ-း-စိတ်ဝင်၍

စိတ်တွင်မာန်ဝင့် ၊ မုဒိမ်းကျင့်ပြီ

ချင့်တွက်ကြည့်ရာ ၊ မင်းနှင့်ငါလည်း

စာနာမှုကွယ် ၊ ဆွေမျိုးပြယ်ပြီး

မဖွယ်မရာ ပြုဘူးပြီ ။

 

ဟေ့သူငယ်ချင်း ၊ အမှောင်တွင်းမှ

အလင်းဆောင်ကွာ ၊ တို့ပြည်သာမှာ

မင်းဟာ စ-စ်-‌ေ-ခွ-း ၊ ငါ စ-စ်-‌ေ-ခွ-း-ကွ

စ-စ်-‌ေ-ခွ-း ဘဝ ၊ ရုန်းထွက်ကြမည်

လာကြပါတော့ သူငယ်ချင်း ။

 

ပြည်သူ့ရင်ခွင် ၊ ခိုလှုံဝင်၍

ပြုပြင်ကြမည် ၊ သားဇာနည်တို့

ပြည်သူ့သစ္စာ ၊ စောင့်ထိန်းရာနှင့်

ပြည်ရွာငြိမ်းဖို့ ၊ ရုန်းပါစို့ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် ည ၈ နာရီ ၁၈ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *