အကြမ်းဖက်စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများအပြင် မသန်စွမ်းသူများကို ပစ်မှတ် ထားတိုက်ခိုက်မှုကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်ခဲ့ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆို
D Day News
နိုဝင်ဘာလ ၃
အကြမ်းဖက်စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများအပြင် မသန်စွမ်းသူများကို ပစ် မှတ် ထားတိုက်ခိုက်မှုကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်ခဲ့ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
နိုဝင်ဘာလ ၁ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသော (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်းစာနာ မှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) ၌ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် စပ် လျဉ်း၍ Special Procedure Mandate Holder နှစ်ဦးက စုပေါင်း၍ အပြန်အလှန်ဆွေးနွေးသည့် အစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော (၄၅) လတာ ကာလအတွင်း စစ်ကောင်စီအနေဖြင့် မသန်စွမ်းသူများ၏ အခွင့် အရေး များကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့ပြီး ကျူးလွန်ခဲ့သော ရက်စက် ကြမ်းကြုတ်မှုများအနက် လေ ကြောင်းမှတဆင့် မဆင်မခြင် ဗုံးကျဲတိုက်ခိုက်ခြင်း များကြောင့် ပဋိပက္ခဖြစ်ပွားရာ အရပ်ဒေသ များတွင် ကလေးငယ်များနှင့် လူငယ်များ အပါအဝင် အရပ်သား ပြည်သူ အများအပြား ထိခိုက် ဒဏ် ရာ ရရှိခဲ့ကြောင်း၊ အချို့မှာ ခြေလက် အင်္ဂါများဆုံးရှုံးကာ မသန်စွမ်းဘဝသို့ ရောက်ရှိခဲ့ရပြီး မြန်မာ နိုင်ငံတွင် မသန်စွမ်းသူဦးရေကို မြင့်တက်လာစေခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
ထို့ပြင် အစီရင်ခံစာများအရ စစ်ကောင်စီ တပ်သားများအနေဖြင့် ကျေးရွာများကို စီးနင်း ဝင်ရောက် တိုက်ခိုက်ရာတွင် သာမာန်လူများကဲ့သို့ တုံ့ပြန်နိုင်ခြင်း သို့မဟုတ် ထွက်ပြေးနိုင်ခြင်း မရှိသော ဉာဏ် ရည် မသန်စွမ်းသည့် လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ကာ အချို့ကို သတ်ဖြတ် ပစ်ခဲ့ကြောင်း သိရသည်။
မသန်စွမ်းသူများနှင့်တကွ မြန်မာပြည်သူများအနေဖြင့် စစ်ကောင်စီမှ ဆက်လက် ကျူးလွန်လျက်ရှိ သော ယုတ်ရင်းရက်စက်မှုများနှင့် အခွင့်အရေးချိုးဖောက်မှုများ အပါအဝင် စိန်ခေါ်မှု မြောက်များစွာ ရှိသည့်အကြားက မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီပြည် ထောင်စု တည်ထောင်ရန် ခိုင်မာစွာ စိတ်ဆုံးဖြတ်ထားပြီး စစ်အာဏာရှင်အား ဆန့်ကျင်သည့် ခုခံ တော်လှန်ရေးတွင် မသန်စွမ်းသူ အမျိုးသမီးများက လည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ များအဖြစ် ရှေ့တန်းက တက်ကြွစွာ ပါဝင် လှုပ်ရှား လျက်ရှိကြောင်း သိရသည်။
မသန်စွမ်းသူများ ခံစားနေရသည့် ဒုက္ခ အပါအဝင် ပြဿနာ၏ အဓိက အရင်းအမြစ် မှာ စစ်အုပ်စု နှင့် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် မသန်စွမ်းသူများ ၏ အခွင့်အရေးများအား အပြည့်အဝ ခံစားခြင်းကို ထိပါးစေကာ ၎င်းတို့၏ ရှိရင်းစွဲ စိန်ခေါ်မှုများကို လည်း ပိုမိုဆိုးရွားစေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြထားသည်။
သို့ဖြစ်ပါ၍ အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်ပွားနေချိန်နှင့် စစ် ကောင်စီမှ ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန် နေချိန်များတွင် မသန်စွမ်း သူများ၏ အခွင့်အရေးများကို ထိရောက်စွာ မြှင့်တင်၊ ကာကွယ်ပေးနိုင်ရန် မည်သို့ အကြံပြုလို ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
D Day News