တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံး၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ခမရ ၄၀၅ တပ် ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အရာခံဗိုလ် ၁ ဦးနှင့် တပ်ကြပ် ၁ ဦးတို့သေဆုံး
D Day News
နိုဝင်ဘာလ ၂
တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံး၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ခမရ ၄၀၅ တပ် ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အရာခံဗိုလ် ၁ ဦးနှင့် တပ်ကြပ် ၁ ဦးတို့သေဆုံးခဲ့ Sky Ghost Drone Force အဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၁၅ ရက် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် ထားဝယ်မြို့တွင်းရှိ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် အောက်တိုဘာလ ၁၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ် အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနရုံးတို့တို့ကို လည်း ကောင်း၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက် စစ် ကောင်စီ၏ ခမရ ၄၀၅ တပ်ရင်းကိုလည်းကောင်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်
“ရင်းနှီးမြှုပ်နှံမှုရုံးမှာတော့ လူနာတင်ကား ၂ စီးဝင်သွားတယ်ဗျ။ သရက်ချောင်းစစ်တပ်ထဲမှာ ဗုံးချ တပ်ရင်း လက်ဖက်ရည်ဆိုင်ထဲ တည့်တည့်ကျတာ၊ မရှိဘူးဆိုရင် ၁၀ ဦးနဲ့အထက် ထိခိုက်ဒဏ်ရာ ရ တာ၊ ရာထူးငယ်ရင် စာရင်းထဲပါတာမဟုတ်ဘူး။ ကျနော်တို့ ဗုံးသီးပြင်းချက်တွေက ကြမ်းတယ်၊ ကျ နော်တို့ ဗုံးချပြီးတာနဲ့ ဆက်တိုက် ညပိုင်းအထိ လက်နက်ကြီးရော လက်နက်ငယ်ပါ ထုတာ၊” Sky Ghost Drone Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ထိုသို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား အရာခံဗိုလ် ၁ ဦး နှင့် တပ်ကြပ် ၁ ဦး တို့သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်ဒရုန်းစစ်ဆင်ရေးအဖွဲ့များက ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီး ထားဝယ်ခရိုင် လေးမြို့နယ်အတွင်းရှိ စစ်ကောင်စီယန္တရားလည်ပတ်နေသည့် စစ်ရေးအရ အလွန်အရေးကြီးသည့်အဆောက်အအုံများနှင့် စစ်ကောင်စီ၏ကျောထောက်နောက်ခံဖြစ်သည့် တပ် ရင်း တပ်ဖွဲ့များ၏ စစ်ရေးပစ်မှတ်များကို အဓိကထားကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ရေးအရှိန်မြှင့်လာတဲ့ကာတလျှောက်မှာ သတင်းတိုင်း၊ သတင်းတိုင်းကို အာရုံစိုက်နားထောင်ပေး ပြီး မသွားဖို့နဲ့ သွားနေတဲ့လူအချင်းချင်းလည်း သတိပေးကြဖို့ ပြောချင်ပါတယ်၊ နောက်တစ်ခုက စကစရဲ့ ထောက်တိုင်တိုင်း ထောက်တိုင်တိုင်းကို အချိန်မတိုင်ခင်ကြိုတင်ပြင်ဆင်ကြဖို့နဲ့ မှားနေတဲ့ အတွေး အခေါ်တွေ အချိန်မီ ပြင်ဆင်ကြဖို့ တိုက်တွန်းချင်းပါတယ်။” ဟု Sky Ghost Drone Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တိုက်တွန်းပြောဆိုသည်။
D Day News