တောင်သာမြို့နယ်တွင် ရည်းစားဖြစ်သူကို လာရောက်တွေ့ဆုံသည့် နယ်ထိန်းရဲ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
D Day News
နိုဝင်ဘာလ ၁
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ရည်းစားဖြစ်သူကိုလာရောက်တွေ့ဆုံသည့် ရုံးစင်ကြီး ရဲစခန်း မှ နယ်ထိန်းရဲ မောင်ချမ်းကို ပစ်ခတ် ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း တောင်သာ ပကဖ (TTA-PDF) အဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် တောင်သာမြို့နယ်ရုံးစင်ကြီးရဲစခန်းမှ နယ်ထိန်ရဲမောင် ချမ်း (ခ) အရှည်ကြီးသည် ကျေးရွာတစ်ရွာတွင် ရည်းစားဖြစ်သူကို လာရောက်တွေ့ဆုံကြောင်း သတင်းအရ တော်လှန် ရေး တပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့ရာ ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း သိရသည်။
“သူက အိမ်ပြန်လာတဲ့ အချိန် ရည်စားဖြစ်သူကို လာတွေ့တုန်း ကျန်တော်တို့ သတင်းရလို့ ဝင်ရောက် ဖမ်းဆီးတာ ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးလိုက်တာ သေဆုံးသွားတယ်။ လက်နက်တော့မပါဘူး။ လက်ပစ်ဗုံးပါတယ်လို့တော့ သိရတယ်။ ကျန်တော်တို့ လိုက်ရှာတဲ့ အချိန်မှာတော့ မတွေ့ခဲ့ဘူး” ဟု တောင်သာ ပကဖ (TTA-PDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အတူ နေပြည်တော် ၈၀၁ တပ်ရင်း ၊ တောင်သာ ပလဖ ၊မိတ္ထီလာ ပကဖ ၊ စဥ့်ကိုင် ပကဖ ၊ ကျောက်ပန်းတောင်း ပကဖ ၊ ညောင် ဦးခရိုင်တပ်ရင်း ၁ မှ တို့မှ မဟာမိတ် အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
D Day News