ကျောက်တံခါးမြို့နယ်တွင် လက်နက်ကိုင်ပြီး တပ်သားသစ်စုဆောင်းပေးနေသော လဝက ဒုဦးစီးမှူး တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး ပစ္စတိုသေနတ်တစ်လက်နှင့်ခဲယမ်းသိမ်းဆည်းရရှိ
D Day News
နိုဝင်ဘာလ ၁
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် လက်နက်ကိုင်ပြီး အကြမ်းဖက်စစ်တပ်အတွက် တပ်သားသစ်စု ဆောင်းပေးနေသော လဝက ဒုဦးစီးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာသေဆုံးသွားကြောင်း တော် ဝင်ဒေါင်းတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်အတွင်း အကြမ်းဖက် စစ် တပ်က တပ်ဆင်ပေးထားသည့် ပစ္စတိုသေနတ်ကိုင်ဆောင်ကာ ပျူအဖွဲ့ဝင်အဖြစ် လုပ်ကိုင်နေသော လဝက ဒုဦးစီးမှူးအေးမင်းစိုးကို တော်ဝင်ဒေါင်းအဖွဲ့ ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ ပင် ပွဲချင်း ပြီးသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ အေးမင်းစိုးသည် တော်လှန်ရေးတပ်ဖွဲ့များ၏ အခြေအနေများအား သတင်းထောက်လှမ်း ခြင်း၊ ပြည်သူများအားခြိမ်းခြောက် ငွေတောင်းခြင်း၊ အကြမ်းဖက်စစ်တပ် အတွက် တပ်သားသစ်စု ဆောင်းပေးခြင်း ၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း ၊ လောင်းကစားဒိုင်များအား အခကြေးငွေယူ၍ ပေါ် ပေါ် ထင်ထင်လုပ်ဆောင်စေခြင်း စသည်တို့ကို ပိန်းဇလုပ်မြို့၊ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံ ခါးမြို့နယ်တွင် လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
အေးမင်းစိုးအား ပစ်ခတ် ရှင်းလင်းပြီးချိန်တွင် M20 အမျိုးအစား သေနတ်တစ်လက်၊ ကျည် ၇ တောင့် နှင့် Samsung Galaxy S20 Ultra အမျိုးအစား ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း တော်ဝင် ဒေါင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
D Day News