ABSDF News

0 0
Read Time:6 Minute, 0 Second

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုတွေကြား ဘုံသဘောထားတွေချမှတ်ရင်း လက်တွေ့ အ တူတကွ လက်တွဲတိုက်ပွဲဝင်နိုင်ရေး ကြိုးစား သွားကြရန် ABSDF ခေါင်းဆောင်ရဲသံခဲ တိုက်တွန်း

 

D Day News

နိုဝင်ဘာလ ၁

 

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုတွေကြား ဘုံသဘောထားတွေချမှတ်ရင်း လက်တွေ့ အ တူတကွ လက်တွဲတိုက်ပွဲဝင်နိုင်ရေး ကြိုးစား သွားကြရန် ABSDF ခေါင်းဆောင်ရဲသံခဲက တိုက်တွန်း ပြောကြားသည်။

 

ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်း အမှတ် ရဲဘော်ထုသို့ ပေးပို့သည့်သဝဏ်လွှာတွင် ၎င်းက ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

 

“ငါတို့ မကဒတ (ကျောင်းသားတပ်မတော်) ဟာ လက် ရှိ နွေဦးတော်လှန်ရေးမှာ မျိုးဆက်သစ်တွေ ကို လေ့ကျင့်ပျိုးထောင်ရင်း မဟာမိတ်အင်အားစု တွေနဲ့ အတူ ဆက်လက် ချီတက်တိုက်ပွဲဝင်နေဆဲ ဖြစ် တယ်။ တပြိုင်နက်တည်းမှာပဲ ဒီမိုကရေစီရေး၊ တန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်စနစ်ကို ပုံဖော်မယ့် ပြည်ထောင်စုသစ်တခု တည် ဆောက်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်း ချက်ကို ရောက်ဖို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အင်အားစု တွေကြားမှာ ဘုံသဘောထားတွေ ချမှတ်ရင်း လက်တွေ့ အတူတကွ လက်တွဲတိုက်ပွဲဝင်နိုင်ဖို့ ကြိုးစား သွားကြရမယ်။” ဟု ရဲဘော်သံခဲ က ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး- မကဒတ ( ကျောင်းသားတပ်မတော်) အနေဖြင့် ၈၈ အရေးအခင်းကာလ စတင်မွေးစဉ်ကတည်းကစ၍ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆို သည့် အမျိုးသားတန်းတူရေးတိုက်ပွဲများနှင့်အတူ စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ပွဲဝင်ခဲ့ ကြောင်း၊ ၃၆ နှစ်တာကာလအတွင်း ကျောင်းသားတပ်မတော်ရဲဘော်များသည် အသက်၊ ဘဝများ ပေးဆပ်ခဲ့ကြကာ လက်တွေ့ စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့သည့် သမိုင်းလည်း ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။

 

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်မှုက အစပြုခဲ့တဲ့ နွေဦး တော်လှန်ရေးဟာ အခုဆို ၃ နှစ်ကျော် ၄ နှစ်ထဲ ရောက်ခဲ့ပြီ။ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကြား က ပဲ လူထုရဲ့ ဘက်ပေါင်းစုံ အုံကြွတော်လှန်မှုတွေဟာ ခုတော့ ရရာလက်နက်စွဲကိုင်တော်လှန်တဲ့ အဆင့်ထိ ရောက်လာခဲ့ပြီဖြစ်တယ်။ အာဏာကို မတရားနည်းနဲ့ ရယူထားတဲ့ စစ်အာဏာရှင်တွေဟာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာ အားလုံးမှာ အရှုံးဘက်က ရင်ဆိုင်နေရပြီ။ နိုင်ငံရဲ့ အုပ် ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး ဆိုတဲ့ မဏ္ဍိုင် ၃ ရပ်စလုံး ယိုယွင်းပြိုကျနေပြီ။” ဟု ရဲဘော်သံခဲက ပြောဆိုသည်။

 

ထို့အပြင် တတိုင်း တပြည်လုံး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံက ချွတ်ခြုံကျနေပြီး အဖိနှိပ်ခံလူထုသည် အထွေထွေ အကြပ်အတည်းကြားမှပင် စစ်အာဏာရှင်၏ လူမဆန်သည့် ဖိနှိပ် ရက်စက်မှုများကို ရရာလက်နက် စွဲကိုင်ရင်း ပုံစံမျိုးစုံဖြင့် တော်လှန်တိုက်ပွဲဝင်နေကြပြီဖြစ်ကြောင်း အသိပေးထားသည်။

 

“လူထုကိုယ်တိုင် မိမိကံကြမ္မာကို မိမိကိုယ်တိုင်ဖန်တီးတည်ဆောက်ကြတာဟာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း ပပျောက်ရေးအတွက် တတိုင်းပြည်လုံး ရုန်းကန်တော်လှန် တိုက်ပွဲဝင်နေတဲ့ လူ ထု တော်လှန်ရေးကြီး ဖြစ်တယ်။ တနေ့ထက်တနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်မှုတွေ ဟာ နိုင်ငံအနှံ့ ကျယ်ပြန့်လာသလို လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေးတွေဟာ ပေါင်းစပ်ကြ ပြီဖြစ်တယ်။ တနည်းအားဖြင့် ဒီနေအချိန်ကာလဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်း စာမျက်နှာသစ် ကို ရေးထိုး နေကြပါပြီ။ မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းကြီးတခု မကြာမှီ ကျရောက်တော့မယ် ဆိုတာ ဒီကနေ့ မျက်မှောက် အခြေအနေ တွေက ထင်ထင်ရှားရှား ထင်ဟပ်သက်သေပြနေပါပြီ။” ဟု ရဲဘော်သံခဲက ပြောကြားသည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး မကဒတ ( ကျောင်းသားတပ်မတော်) အနေဖြင့်သမိုင်းကို ကိုယ်စီကျရာနေရာက ထမ်းဆောင် နေကြရင်း လူထုနှင့်အတူ စစ်အာဏာရှင် စနစ် ကို တော်လှန်တိုက်ပွဲဝင်နေကြောင်း၊ တော်လှန်ရေး တရပ်ဆင်နွှဲခြင်း၊ တိုက်ပွဲဝင်ခြင်းသည် အင်မတန် လေးမြတ်တန်ဖိုးထားအပ်သည့် အရာဖြစ်ကြောင်း၊ ရဲဘော်တို့၏ စွန့်လွှတ်အနစ်နာခံမှု၊ ဇွဲ၊ သတ္တိ၊ ဉာဏ်ပညာ၊ ရဲရင့်တည်ကြည်မှု၊ လူထု အပေါ် သစ္စာရှိမှု၊ ရဲဘော်အချင်းချင်း အပြန်အလှန် ယုံကြည်တန်ဖိုးထားမှုနှင့် မိမိကိုယ်ကို တန်ဖိုးထားမှုများကြောင့် မကဒတ (ကျောင်းသားတပ်မ တော်) ဟာ ဒီ ၃၆ နှစ်ခရီးကို မြဲမြဲမြံမြံ အခိုင်အမာ လျှောက် လှမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *