ရေတာရှည်မြို့နယ်၊ ရွာသစ်ရွာ၌ အထိုင်ချထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အရာရှိတစ်ဦးအပါအဝင် စစ်သား ၆ ဦးခန့်ဒဏ်ရာရ
D Day News
နိုဝင်ဘာလ ၁
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ရွာ၌ အထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၆ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း စစ် တောင်းမြစ်ဝှမ်း -ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၁ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်း အရှေ့ခြမ်း ၊ ရွာသစ်ရွာ၌ အထိုင်ချနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး ပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် စစ်သား ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများကို နံနက် ၄ နာ ရီ ခန့်တွင် စက်လှေဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
“စခန်းမဟုတ်ဘူးဗျ။ သူတို့အထိုင်ချတဲ့နေရာပါ၊ အင်အားက ၁၀၀ လောက်ရှိပါ၊ ပထမနေ့က တိုက်ပွဲ ဖြစ်ထားတော့ အင်အားတွေတိုးထားပါတယ်။ ဗုံးသီး ၂ လုံးချခဲ့တာပါ။ သေ၊ မသေတော့ အတိအကျ မသိရဘူး။” ဟု စစ်တောင်းမြစ်ဝှမ်း – ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စစ်တောင်းမြစ်ဝှမ်းအရှေ့ဘက်ခြမ်းကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားတိုးမြှင့်မှု လုပ် ဆောင်လျက်ရှိပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဖြင့်သွားလာနေထိုင်ကြပါရန် စစ်တောင်း မြစ်ဝှမ်း – ရေတာရှည်ပူးပေါင်းစစ်ဆင်ရေး အဖွဲ့က မေတ္တာရပ်ခံတိုက်တွန်းထားသည်။
D Day News