Sagaing News

0 0
Read Time:2 Minute, 47 Second

မုံရွာ – ချောင်းဦးလမ်းပေါ်တွင် စစ်သား၊ ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ၊ စစ်သား၊ ပျူစောထီးများက ပုရစ်ကုန်းတောင်ရွာနေပြည်သူ ၂ ဦးကို နှိပ်စက်သတ်ဖြတ်ပြီး နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီး

 

D Day News

နိုဝင်ဘာလ ၁

 

မုံရွာမြို့နယ်၊ မုံရွာ – ချောင်းဦးလမ်းပေါ်တွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံ ရပြီး ၅ ဦးထက်မနည်းဒဏ်ရာရရှိကာ စစ်သား ၊ ပျူစောထီးများက ပုရစ်ကုန်းတောင်ရွာနေပြည်သူ ၂ ဦး ကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန် ကြားရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၃၁ ရက် နံနက် ၈ က မုံရွာမြို့နယ်၊ တောပုရွာမှ ခြေလျင်ထွက်လာ သော အကြမ်းဖက်စစ်သားများကို မုံရွာ -ချောင်းဦးလမ်းပိုင်းတနေရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့်အထိနာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် နံနက် ၉ နာရီအချိန်တွင် မုံရွာ -ချောင်းဦးလမ်းဘေးအနီးရှိ ပုရစ်ကုန်းတောင်ရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူ ၂ ဦးကို ဖမ်းဆီး၍ ရွာပြင်သုဿန်သို့ ထုတ်ကာ နှိပ်စက်သတ်ဖြတ်သွားကြောင်း၊ ထို့အပြင် ကျေးရွာအတွင်းရှိ နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

 

“မိုင်းဆွဲခံရပြီး တောပုရွာထဲ ပျူတွေ၊ စခတွေအင်အားထပ်ဖြည့်ပြီးတော့ ပုရစ်ကုန်းတောင်ရွာထဲကို သက်သက် ဝင်ပြီးဖမ်းတာ။ သူတို့အထိနာလို့ ဝင်ပြီး ပြည်သူတွေကို သတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့ တာပါ။ အဲလိုလုပ်ပြီးတော့ တောပုရွာထဲကိုပဲ ပြန်ဝင်သွားကြတယ်။ တခြားကို စစ်ကြောင်းထိုးတာ မျိုးမရှိပါဘူး” ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယနေ့ နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်းတွင် တောပုရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ပုရစ်ကုန်းတောင်ရွာအတွင်း ဝင်ရောက်မွှေနှောက်နေကြောင်း သိရသည်။

Photo – ပုံဟောင်း ( စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်သားများက ဝင်ရောက်မီးရှို့မှု)

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *