သံတောင်မြို့နယ်၊ ကျောက်လုံးကြီးစခန်းရှိ စစ်သားများကို စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
D Day News
အောက်တိုဘာလ ၃၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ-လိပ်သိုလမ်းပေါ်ရှိ ကျောက်ကြီးစခန်းမှ အကြမ်း ဖက် စစ်သားများကို စနိုက်ပါဖြင့်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ ကြောင်း People Defence Force Thandaung ထံမှ သိရသည်။
အောက်တိုဘာလ ၂၄ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် တစ်ကြိမ်၊ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်တွင် တစ်ကြိမ်၊ အောက်တိုဘာလ ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် တစ်ကြိမ် သံတောင်မြို့နယ်၊ တောင်ငူ -လိပ်သိုလမ်းပေါ်ရှိ ကျောက်ကြီးစခန်းမှ အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို တောင်ငူခရိုင်၊ တပ်မဟာ ၂ ၊ တပ်ရင်း ၅ လက်အောက်ခံ People Defence Force Thandaung နှင့် မဟာမိတ်ပူးပေါင်းတပ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
D Day News