ရွှေကျင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် ရိက္ခာပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး
D Day News
အောက်တိုဘာလ ၃၁
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်ရိက္ခာပို့စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲထံမှ သိရသည်။
အောက်တိုဘာလ ၂၈ ရက် နံနက် ၈ နာရီအချိန်ခန့်က ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာဘက်မှ လက် ယက်စခန်းသို့ ရိက္ခာပို့ရန်ထွက်လာသည့် အင်အား (၃၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် စစ်သား ၅ ဦးသေဆုံး ပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ ရှေ့ဆက်မတိုးနိုင်တော့ပဲ ဒုံဇရစ် ကျေးရွာဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊အမှတ် ၂ စစ်ဒေသခွဲ၊ ကရင်အမျိုးသား (KNLA) ၊ တပ် ရင်း (၇) ၊ တပ်ခွဲ (၁) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း (၅၁၀၁) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဘက်မှ ရဲဘော် (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
D Day News