စလင်းမြို့နယ်၊ သရက်ချည်ကျေးရွာအနီးရောက်ရှိနေသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် မှု စစ်သား ၃ ဦးသေဆုံး
D Day News
အောက်တိုဘာလ ၃၀
မကွေးတိုင်း ၊မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ချည်ကျေးရွာအနီးတဝိုက်တွင် ရောက်ရှိနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။
အောက်တိုဘာလ ၂၇ ရက် ညနေ ၃ နာရီအချိန်မှစ၍ ည ၁၀ နာရီအချိန်အထိ စလင်းမြို့နယ်၊ သရက် ချည်ကျေးရွာအနီး ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၅၃ ၊ ၂၅၄ ၊ ၂၅၅ ၊ ကစပ ၂၁ တို့မှ စစ်သားများနှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ၇ လုံးကြဲချတိုက်ခိုက်ခဲ့ ရာ စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့နှင့် မင်းဘူးခရိုင် (ပကဖ)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်က စလင်းချောင်းမြောက်ဘက်ရှီ ကျေးရွာများကို ဦး တည်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး စစ်ရေးတင်းမာလျက်ရှိကြောင်း၊ ထို့ ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိ၊ အသိဖြင့်နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံ တိုက် တွန်းထားသည်။
D Day News