Magway News

0 0
Read Time:2 Minute, 4 Second

ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းမပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး၊ တိုက်ခိုက်ခံရမည်စိုးရိမ်၍ အရှိန်ပြင်းစွာမောင်းနှင်သည့် စစ်ကားတစ်စီးချောက်ထဲထိုးကျ ကာ စစ်သား ၁၂ ဦးထပ်မံသေဆုံး

 

D Day News

အောက်တိုဘာလ ၃၀

 

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း Asho Chin Defense Force -ACDF ထံမှ သိရ သည်။

 

အောက်တိုဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ငဖဲမြို့နယ် ၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် အမ်း မြို့နယ်ဘက်မှ ရိက္ခာပို့ပြီး ပြန်လာသော အကြမ်းဖက် စစ်ကောင်စီကား ၂ စီး၊ဆိုင်ကယ် ၂ စီးပါ ယာဉ် တန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့်မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်း မဟာ မိတ် တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အောက်တိုဘာ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ထပ်မံတက် လာ သည့် စစ်ကူယာဉ်တန်းမှ စစ်ကားတစ်စီးသည် တိုက်ခိုက်ခံရမည်စိုးရိမ်၍ အမြန်မောင်းနှင်ခဲ့ရာ စွန်တဲနှင့် လင်းတဲအကြားအရောက် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်သွား ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ စစ်သား ၁၈ ဦးအနက် ၁၂ ဦးသေဆုံးပြီး ကျန် ၆ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *