Shan State News

0 0
Read Time:2 Minute, 44 Second

နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှု စစ်သုံ့ပန်း ဗိုလ်မှူး တစ်ဦးအပါအဝင် ၄ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၃၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာရှိ စစ်သုံ့ပန်း အကျဉ်းစခန်းကိုအကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းဗိုလ်မှူးတစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း မန္တလေး PDF ထံမှ သိရသည်။

 

ယနေ့အောက်တိုဘာလ ၃၀ ရက် နံအစောပိုင်း ၁ နာရီအချိန်က တိုက်ပွဲများအတွင်း ဖမ်းမိသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများထားရှိရာ မန္တလေး PDF တပ်ဖွဲ့၏ အချုပ်ဆောင်ကို အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းဗိုလ်မှူး တစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော ၄င်းတို့၏ တပ်ဖွဲ့ဝင်များကို ပစ်မှတ် ထား၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ (၂)ရက်တာအတွင်း သေဆုံးသူ အကြမ်း ဖက် စစ်ကောင်စီတပ်သား စစ်သုံ့ပန်း ၁၆ ဦး အထိရှိလာခဲ့ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ် မတော် (မန္တလေး) က ထုတ်ပြန်ပြောဆိုထားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ သပိတ်ကျင်းမြို့နယ်အခြေစိုက် စခတ ၂ ၊ (၇) မိုင်တပ်မှ ဗမ နေဝင်း၊ တက ကိုကိုအောင်၊ မိတ္ထီလာ အခြေစိုက် အမြောက်တပ် ၃၁၉ တပ်မှ တကက (ရေ) အောင်လွင်နှင့် ပျူ ဂျော်နီအောင်တို့ဖြစ် ကြောင်း သိရသည်။

 

အလားတူ အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်က မန္တလေးပြည်သူ့ကာကွယ် ရေး တပ်မတော်၏ အချုပ်ဆောင်ကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော ဘီလူးစစ်ကြောင်းမှ စစ်သုံပန်းများနှင့် အခြား စစ်သုံပန်းများ ထားရှိရာ အဆောက်အအုံများ ထိမှန်ပျက်စီးခဲ့ပြီး စစ်သုံပန်း ၈ ဦး အပါအဝင် ၁၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ဦးဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *