အကျဉ်းထောင်များတွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ထောင်ဝန်ထမ်းများက သန်းခေါင် စာရင်း ကောက်
D Day News
အောက်တိုဘာလ ၃၀
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်ကောင်စီ၏ လက်အောက်ခံ အကျဉ်းထောင်များတွင် အကျဉ်းသူ အကျဉ်း သားများ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ခံလျက်ရှိကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။
၂၀၂၄ခုနှစ် စက်တင်ဘာလမှ စ၍ မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းသား၊ အကျဥ်းသူများ၏ အချက်အ လက် အချို့ကို အကြမ်းဖက်စစ်တပ် လက်ကိုင်တုတ် ထောင်အာဏာပိုင်များက မေးမြန်းမှုများ ပြု လုပ်လျက်ရှိပြီး အကျဉ်းဦးစီးဝန်ထမ်းများ၏ မေးမြန်းမှုများတွင် အမည် ၊ အဘအမည်၊ အသက်
မှတ်ပုံ တင်နံပါတ်၊ နေရပ်လိပ်စာနှင့် အိမ်ထောင်ရှိမရှိကို အဓိက မေးမြန်းလျက်ရှိကြောင်း၊ အကျဉ်း ထောင်တစ်ခုနှင့် တစ်ခုတွင် မေးမြန်းမှုများ တူညီမှု မရှိကြောင်း PPNM မှ စီစစ်တွေ့ရှိထားကြောင်း သိရသည်။
Photo (ပုံဟောင်း) ၂၀၂၂ခုနှစ်-စစ်ကောင်စီလက်အောက်ခံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကျဉ်းထောင်အတွင်း စစ်ဆေးမှုများပြုလုပ်နေသည့်ပုံ ဖြစ်သည်။
ထိုကဲ့သို့ မေးမြန်းမှုများကို အကျဉ်းဦးစီး ဝန်ထမ်းများမှ တဆင့်မေးမြန်းခဲ့သည်ကိုတွေ့ရှိရပြီး အကျဉ်း ထောင်ရောက်ရှိချိန်မှစ၍ ထောင်အဝင်၌ ကိုယ်ရေးအချက်အလက်(၃၂)ချက်ကို ထောင်မှ ကောက် ထားပြီးဖြစ်သည့်အတွက် ထပ်မံကောက်ယူမှုအပေါ် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် စိုးရိမ်ပူပန်မှု များ ရှိသည်ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် သန်းခေါင်စာရင်းကောက်ယူမှုများ ကို ပြုလုပ်နေသောကြောင့် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများသည် မဲပေးခွင့်မရှိသော်လည်း မဲမသမာမှုများ ပြုလုပ်မည်ကိုလည်းကောင်း၊ စစ်ရေးအရ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းများ ဖြစ် ပေါ်လာမည်ကိုလည်းကောင်း အသီးသီး စိုးရိမ်နေခြင်းဖြစ်ကြောင်း PPNM က ပြောဆိုသည်။
အချို့အကျဉ်းထောင်များတွင် ထိုကဲ့သို့အချက်အလက်များ ကောက်ယူမှု မရှိသေးသော်လည်း မြန်မာ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းသားအားလုံးထံမှ ကောက်ယူမည်ဟု သိရှိထားရ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။
D Day News