နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာရဲစခန်းကို ရော့ကတ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရဲစခန်း အမိုးပွင့်ထွက် (ရုပ်သံ)
D Day News
အောက်တိုဘာလ ၂၉
မန္တလေးတိုင်း၊ မြင်းခြံရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ ရဲစခန်းကို ရော့ကတ်လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းခေါင်မိုးပွင့်ထွက်သွားပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း နွားထိုး ကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့အောက်တိုဘာလ ၂၈ ရက် ညနေ ၄ နာရီခန့်က နွားထိုးကြီးမြို့နယ် ၊ ပြင်စည်ကျေးရွာ ရဲ စခန်း၀န်းအတွင်းသို့ Rocket ၅ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး ၂ လုံးသည် အကြမ်းဖက်စစ်သားများ ကင်းပုန်းနေရာကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အလားတူ ကျန်တစ်လုံးမှာ ရဲစခန်းကို ထိမှန်ပေါက်ကွဲခဲ့ပြီး ရဲစခန်းခေါင်မိုးပွင့်ထွက်သွားကြောင်း သိရသည်။
“ထိခိုက်သေဆုံးပျက်စီးမှုကတော့ မသိရသေးပါဘူး။ စုံစမ်းနေဆဲပါ၊ သိရတာနဲ့ ပြန်ပြောပေးပါ့မယ်” ဟု နွားထိုး ကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုး ကြီး PDF နှင့် မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းတို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်ဖြစ်ကြောင်း သိရသည်။
D Day News