0
0
Read Time:1 Minute, 14 Second
ကော့ကရိတ်မြို့နယ်၊ မိကျောင်းကုန်း စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၅ ဦး သေဆုံး
D Day News
အောက်တိုဘာလ ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မိကျောင်းကုန်းစစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ စစ်သား ၁၅ ဦးခန့်သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း ၁ ထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၇ ရက် နံနက် ၅ နာရီခန့်က ကော့ကရိတ်မြို့နယ်မြောက်ပိုင်းရှိ မိ ကျောင်းကုန်း အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၃၁ ဗျူဟာ လက်အောက်ခံ ဗိုလ်ကျော်ဟိန်းတပ်ဖွဲ့နှင့် နယ်မြေခံ ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News