လားရှိုးမြို့ သာသနာ ၂၅၀၀ ဘုရားနှင့် လူနေအိမ်များပေါ်သို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲချ မှု ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိကာ ဘုရားကျောင်းနှင့် လျှပ်စစ်ဓာတ်ကြိုးများ ပျက်စီး
D Day News
အောက်တိုဘာလ ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ သာသနာ ၂၅၀၀ ဘုရားကျောင်းနှင့် လူနေအိမ်များပေါ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ် ရာရရှိပြီး ဘုရားကျောင်းနှင့် လျှပ်စစ်ဓာတ်ကြိုးများ ထိခိုက်ပျက်စီးခဲ့ကြောင်း MNDAA က ထုတ်ပြန် သည်။
ယနေ့အောက်တိုဘာလ ၂၉ ရက် နံနက် ၁၁ နာရီ ၅၈ မိနစ်အချိန်နှင့် မွန်းလွဲ ၂ နာရီ ၃၄ မိနစ်အချိန် တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် အသုံးပြုပြီး လားရှိုးမြို့ အမှတ် ၁၁ ရပ် ကွက်၊ ဂေါက်ကွင်းအနီးရှိ လူနေ ရပ်ကွက်နှင့် အမှတ် ၁ ရပ်ကွက် သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်း တို့ကို ပေါင်ချိန်များသော ဗုံးသီး ၃ လုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သာသနာ ၂၅၀၀ ဘုရားကျောင်း နှင့် လမ်းဘေးရှိ လျှပ်စစ်ဓာတ်ကြိုးကဲ့သို့ အများသူငှာ အဆောက်အဦ အများအပြား ပျက်စီးခဲ့ ကြောင်း သိရသည်။
လားရှိုးမြို့ကို MNDAA က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ပြီးနောက် ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာနေရာများကို ပစ်မှတ်ထား၍ လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိရာ အကြိမ်ရေ ၂၀ ကျော်လာပြီဖြစ်ကြောင်း၊ ရှမ်းပြည် နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ထားသော နယ်မြေများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲမှု ၃ လကျော် အတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ၁၀၀ ကျော်ပြီဖြစ် ကြောင်း သိရသည်။
D Day News