ရွှေတောင်မြို့နယ်တွင် “PDF မကြောက်၍ တစ်ယောက်တည်းသွားလာနေတာကွ” ဟု ကြွေးကြော် ကာ စစ်မှုထမ်းစာရင်းလိုက်ကောက်နေသေူ ထွေအုပ် စာရေး အေးမင်းနိုင် ပစ်ခတ်ခံရပြီးသေဆုံး
D Day News
အောက်တိုဘာလ ၂၉
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် “PDF မကြောက်၍ တစ်ယောက်တည်းသွားလာနေတာ ကွ” ကြွေးကြော် အကြမ်းဖက်စစ်ကောင်စီတပ်အတွက် စစ်သားစုဆောင်းရေးစာလိုက်လံကောက်ယူ နေသေူ ထွေအုပ်စာရေးအေးမင်းနိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန် ရွှေတောင်မြို့နယ်၊ မမဲကြီးကျေးရွာ တွင် စစ်မှုထမ်း တပ်သားသစ်စာရင်း လာရောက်ယူနေစဉ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး အေးမင်းနိုင်ကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၄ က သေ နတ်ဖြင့် ပစ်ခတ်ရာ နားထင်နှင့် ရင်ဘတ်ထိမှန်၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ ထွေအုပ်စာရေး အေးမင်းနိုသည် တရုတ်မှော်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး “PDF မ ကြောက်၍ တစ်ယောက်တည်းသွားလာနေတာကွ”ဟု ကြွေးကြော်ခဲ့သူဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီအတွက် စစ်မှုထမ်း တပ်သားသစ် လူအင်အားစုဆောင်းပေးခြင်း ၊ စစ်မှုမထမ်းဆောင်လို သူများထံမှ ငွေကောက်ခံပြီး စစ်တပ်အတွက် ငွေရှာပေးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို နှိမ်နှင်းမည်ဟုဆိုကာ ပျူအဖွဲ့ကို ကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းထားသူဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ထွေ/အုပ်စာရေး အေးမင်းနိုင်ထံမှ အကြမ်းဖက်စစ်တပ်၏ ဗိုလ်မှူး၊ ဗိုလ်ကြီးများနှင့် ဆက် သွယ်ထားသောလက်ကိုင်ဖုန်းတစ်လုံး၊ ငွေသားငါးသောင်း ၊စစ်မှုထမ်းစုဆောင်းထား သောစာရွက် စာတမ်းများနှင့်ပျူစောထီး ဖွဲ့စည်းစာရင်း စာရွက်စာတမ်းများ သိမ်းဆည်းရရှိကြောင်း သိရသည်။
D Day News